ကာယဗလနှင့်ကာယကြံ့ခိုင်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးတံခွန်စိုက်ဖလားဆွတ်ခူး

(၄၇) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီးကာယဗလနှင့် ကာယကြံ့ခိုင်ပြိုင်ပွဲကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗီးရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပရာ အားကစားသမား ၁၅၀ ခန့်၀င်ရောက်ယှဥ်ပြိုင်ကြပါတယ်။

ထို့နောက်ပြိုင်ပွဲတွင် အမျိုးသားကာယဗလမောင်အသက် (၂၁) နှစ်အောက်ပြိုင်ပွဲ ကာယဗလမောင် ၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၇၅ နှစ်အထက်ပြိုင်ပွဲ Men’s Sport Physique ပြိုင်ပွဲ  Men’s Athletic Physique ပြိုင်ပွဲ  Men Fitness Physique Women s Model ပြိုင်ပွဲ Women’s Athletic Physique ပြိုင်ပွဲ Women’s Fitness Physique ပြိုင်ပွဲ၊ Women’s Model ပြိုင်ပွဲ Women’s Athletic Physique ပြိုင်ပွဲ Women’s Fitness Physique ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊တတိယရရှိကြ‌သော အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တံခွန်စိုက်ဖလားရရှိသွားသောရန်ကုန်တိုင်းဒေသကြီးအားဆုဖလားချီးမြှင့်ခဲ့ပါတယ်။