ကလေးသူငယ်များအသုံးချရေး စစ်နည်းဗျူဟာကိုစတင်အသုံးပြုလာသည့်(AA)

ရခိုင်အစွန်းရောက်အဖွဲ(AA)အနေဖြင့် UWSA(ဝ)လက်နက်ကိုင်အဖွဲ့ရဲ့ ကလေးသူငယ်များ အသုံးချရေး စစ်နည်းဗျူဟာကို စတင်အသုံးပြုလာနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှသိရပါတယ်။အမည်မဖော်လိုသည့် ကျောက်တော်ဒေသခံတစ်ဦးမှ “အခုနောက်ပိုင်း AA ဖွဲ့စည်းထားတဲ့ ရခိုင်သံဃာအဖွဲ့အစည်းများရှိ ဘုန်းကြီးတွေကရွာတွေမှာ မိဘမဲ့တွေ၊ မကျွေးမမွေးနိုင်တဲ့မိဘတွေရှိရင် သူတို့မွေးစားဖို့ဆိုပြီးတောင်းနေတာတွေရှိတယ်၊ ကလေးတွေကျွေးဖို့လည်း လိုက်ပြီးအလှူခံနေတာတွေရှိတယ်၊ မိဘမဲ့ဘုန်းကြီးကျောင်းကိုသွားလှူတဲ့သူတွေပြောတာကတော့ တစ်သိန်းလှူရင် ၈၀၀၀၀ ကို ရခိုင့်တပ်တော်ကိုခွဲပေးပြီး ၂၀၀၀၀ ပဲကလေးတွေအတွက်ရတယ်၊ ကလေးတွေကိုနေ့စဉ် စစ်ကားတွေပြတယ်၊ ဆန်ပြုတ်တိုက်နေတာတွေတွေ့ခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။UWSA(ဝ)လက်နက်ကိုင်အဖွဲ့အနေဖြင့် ယခုလိုအင်အားများလာခြင်းမှာ ပြီးခဲ့သည် နစ်ပေါင်း ၂၀ ခန့်က ကလေးငယ်များအား တရားမဝင်လမ်းကြောင်းများမှ ဝယ်ယူခြင်း၊ စစ်သင်တန်းပေးခြင်းများပြုလုပ်ခဲ့တာကြောင့် ယခုလိုအင်အားတောင့်တင်းခဲ့ခြင်းဖြစ်ပြီး ထိုအချိန်ကဆိုရင် ပြည်တွင်း၌ ကလေးသူများပျောက်ဆုံးခြင်း၊ ကလေးခိုးဂိုဏ်းများပေါ်ပေါက်ခဲ့ခြင်းများ များစွာရှိခဲ့သည်ကို အားလုံးပဲသိကြမှာဖြစ်ပါတယ်။ လက်ရှိအချိန်တွင်လည်း AA အဖွဲမှ လူငယ်များအား ဘောလုံးပွဲများပြုလုပ်ပေးမည်ဟုဆိုကာ ခေါ်ဆောင်ခြင်းများရှိနေပြီး အဆိုပါလူငယ်များအား ရက်တိုစစ်သင်တန်းများပေးကာ မြို့ပေါ်တွင် ULA လူငယ်များအနေဖြင့် ၎င်းတိုအတွက်ငွေကြေးတောင်းခိုင်းရာတွင် အသုံးပြုနေကြောင်း ဒေသတွင်းသတင်းများအရသိရပါတယ်။ ရွာအလိုက် အားကစားပွဲများတွင် အမျိုးသမီးအားကစားပွဲများပါ ထည့်သွင်းပြုလုပ်ကာ လာ‌ရာက်တဲ့သူတွေကို လူသစ်စုဆောင်းတဲ့နည်းလမ်းတွေကို ဆောင်ရွက်နေကြောင်းလည်းသိရှိရပါတယ်။ ပြီးခဲ့သည့်ရက်ပိုင်းက AA ဒုတိယခေါင်းဆောင် ညိုထွန်းအောင် UWSA(ဝ)သို သွားရောက်ခဲ့သည့်အကြောင်းအရင်းမှာလည်း လေယာဉ်ပစ်လက်နက်ထောက်ပံ့ပေးရေးကိစ္စအပြင် ကလေးသူငယ်များစုဆောင်းရေးနည်းများတောင်းယူခဲ့ကြောင်း နယ်စပ်သတင်းများအရသိရသည်။AA အဖွဲအနေဖြင့် ယခုကဲ့သို ကလေးစစ်သားများအသုံးပြုရေးလမ်းစဉ်ကို စတင်အသုံးပြုလာနေပြီဖြစ်တာကြောင့် ရခိုင်ပြည်နယ်အတွင်းနှင့် ပြည်တွင်းနေမိဘများအနေဖြင့် မိမိတို့၏ရင်သွေးငယ်များ ပျောက်ဆုံးမှုမဖြစ်ပွားစေရန်အတွက် အထူးဂရုစိုက်ကြဖို့ ထပ်လောင်းသတိပေးအပ်ပါတယ်။
Crd..fb news