ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နိုင်ငံတော်ဝန်ကြီးချုပ်မှ ပြည်နယ်အစိုးရထံအလှူငွေများပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ရဟန်းရှင်လူ စေတနာရှင်ပြည်သူများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိစစ်သည် မိသားစုများမှ လှူဒါန်းသော အလှူငွေ ကျပ်သိန်းပေါင်း ၇ သောင်းအား ပြည်နယ်အစိုးရထံပေးအပ်ခဲ့ကြောင်းသိရပါတယ်။