ရခိုင်ပြည်နယ် သဘာဝဘေးသင့် ပြည်သူများအတွက် သီတဂူဆရာတော်ကြီးမှ သိန်း ၁၀၀၀ လှူဒါန်း

ရခိုင်ပြည်နယ်သဘာဝဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီးက ရခိုင်ပြည်နယ်မှ သဘာဝဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူငွေကျပ် သိန်း ၁၀၀၀ ကို တာဝန်ရှိသူများထံ လှူဒါန်းခဲ့ကြောင်းသိရပါတယ်။