LNG နဲ့ မောင်းလို့ရတဲ့ ကမ္ဘာ့အကြီးဆုံးအပျော်စီးသင်္ဘော

အပျော်စီးခရီးသည် (၅၀၀၀) ကျော်ဆံ့ပါသတဲ့။ ခရီးသည် (၅၀၀၀) ကျော်ဆိုလို့ တောင်တွေးမြောက်တွေး တွေးနေကြအုံးမယ်။

ဝန်ထမ်း (၂၃၅၀) အပါအဝင်ဆိုရင် လူပေါင်း (၇၆၀၀) အထိ သယ်ဆောင်ခရီးသွားနိုင်တယ်လို့ ဆိုပါတယ်။

ဦးထိပ်ကနေ ပဲ့အထိ (၁,၁၉၈) ပေရှည်ပြီး တိုက်တန်းနစ်သင်္ဘောကြီးထက် (၅) ဆပိုကြီးပါသတဲ့။

သင်္ဘောကုန်းပတ် အထပ်ပေါင်း (၂၀) ပါဝင်ပြီး ရေကူးကန် (၇) ခု၊ ရေလွှာလျှောစီးစရာ (၆) နေရာပါဝင်ပါတယ်။

ဖင်လန်သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီ Meyer Turku က ဒီသင်္ဘောကြီးကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

LNG ဂတ်စ်ဓာတ်ငွေ့နဲ့ မောင်းနှင်လို့ရတဲ့အတွက် သင်္ဘာဝပတ်ဝန်းကျင်ထိခိုက်မှုသက်သာမှာဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး ခရီးသည်ပေါင်း (၅၀၀၀) ကျော်ကိုတင်ဆောင်ကာ ခရီးစထွက်ပြီ ဖြစ်ပါကြောင်း။

Credit- Richard Myo Thant