ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာရှိ မိသားစု (၁) စုလုံးအား PDF များက ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက် နံနက် ၂ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ်၊

ငါးမြောင်ကျေးရွာတွင်နေထိုင်သော မိသားစုဝင် ၁ စုအား PDF အကြမ်းဖက်သမားများက

နေအိမ်သို့ခိုးကြောင်ခိုးဝှက်ရောက်ရှိလာပြီး ဦးကျော်လှိုင်၊ ဒေါ်မြညွှန့်၊ ဦးမျိုးဝင်း၊ မမြနှင်းခိုင်၊

မမြနှင်းလှိုင်၊ မစုမြတ်စံ၊ မသိမ့်သိမ့်ဘုံစံ၊ မောင်ခန့်ဇေယျာမျိုးတို့မှာ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့်

ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရပါတယ်။
ဦးကျော်လှိုင်တို့ မိသားစုသည် NLD ပါတီ အမာခံများဖြစ်ပြီး PDF အကြမ်းဖက်များက

ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်ကြောင့် ယခုလို ရက်ရက်စက်စက် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း

ဒေသခံများ၏ပြောကြားချက်များအရ သိရှိရပြီး ၎င်းအကြမ်းဖက်များအား အများပြည်သူများက

ရွံရှာမုန်းတီးနေကြကြောင်းလည်း သိရှိရပါတယ်ရှင်။