ကန့်ဘလူမြို့နယ်တွင်PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ၆ ဘီးယာဉ် ပျက်စီးဆုံးရှုံး၊ခရီးသည် ၈ ဦးအနက် ၂ ဦးသေဆုံး၊၆ ဦး မိုင်းစထိမှန်ဒဏ်ရာရ

ကန့်ဘလူမြို့နယ်တွင် PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ၆ ဘီးယာဉ် ပျက်စီးဆုံးရှုံး၊ ခရီးသည် ၈ ဦးအနက် ၂ ဦးသေဆုံး၊ ၆ ဦး မိုင်းစထိမှန်ဒဏ်ရာရ
❗❗❗❗❗❗❗❗❗❗❗❗❗❗❗❗
ဩဂုတ်လ ၁၈ ရက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှ ချပ်သင်းကျေးရွာသို့ မောင်းနှင်လာသော
အဖြူရောင် ၆ ဘီးယာဉ်သည် လှည်းပွဲကျေးရွာအရောက်တွင် PDF အကြမ်းဖက်များ၏
မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ကားဘီးများ၊ တံခါးနှင့် ဆီတိုင်ကီ မိုင်းစထိမှန်ခဲ့သဖြင့် ကာလတန်ဖိုး ၂၅ သိန်းခန့် ပျက်စီးခဲ့ပါတယ်..
ဒါ့အပြင် ယာဉ်ပေါ်ပါ ခရီးသည် ၈ ဦးအနက်-
-မျိုးဝင်း ၃၇ နှစ်၊ တောင်သူ၊ ချပ်သင်းကျေးရွာနေသူသည် မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံး
-မစန္ဒာလင်း ၄၃ နှစ်၊ တောင်သူ၊ ချပ်သင်းကျေးရွာနေသူသည် မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံး
-မသဲစုမွန် ၂၂ နှစ်၊ ကျပန်း၊ ညိုပင်ရှိုကျေးရွာ ၊ မစိုးရိမ်ရဒဏ်ရာ
-ဒေါ်ပြား ၅၄ နှစ်၊ တောင်သူ၊ ဇီးကုန်း(မ)ကျေးရွာ၊ စိုးရိမ်ရဒဏ်ရာ
-မအိအိဖြူ ၂၂ နှစ်၊ တောင်သူ၊ ချပ်သင်းကျေးရွာနေသူသည် မစိုးရိမ်ရဒဏ်ရာ
-အောင်မျိုးဇော် ၂၈ နှစ်၊ တောင်သူ၊ ပေါက်ဆိန်ကုန်းကျေးရွာနေသူသည် မစိုးရိမ်ရဒဏ်ရာ
-ဒေါ်အုန်းမြင့် ၄၂ နှစ်၊ တောင်သူ၊ ပေါက်ဆိန်ကုန်းကျေးရွာနေသူသည် မစိုးရိမ်ရဒဏ်ရာ
-မသဲသဲ ၂၇ နှစ် တောင်သူ ချပ်သင်းကျေးရွာနေသူသည် မစိုးရိမ်ရဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရပါတယ်..
PDF အကြမ်းဖက်သမားများဟာ စစ်ဘက်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်လျက်ရှိရာ
ယခုကဲ့သို့ ခရီးသည်ယာဉ်များကိုလည်း မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူများ သေကြေဒဏ်ရာရရှိလျက်ရှိပါတယ်…