၂၀၂၄ ခုနှစ် ဧပြီလကုန် အထိ SME လုပ်ငန်းအတွက် ချေးငွေကျပ် ၃၆၈.၃၆၉ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်

JICA (ODA) SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းအဆင့် – ၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲအစည်းများဖြစ်သော PFI ဘဏ်ခြောက်ဘဏ်မှ တစ်ဆင့် ၂၀၂၄ ခုနှစ် ဧပြီလကုန်အထိ SME လုပ်ငန်းရှင် ၆၁၆ ဦးသို့ ချေးငွေကျပ် ၁၄၂.၀၃၈ ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ပါတယ်။

စီမံကိန်းအဆင့် – ၂ တွင် ငွေရေး ကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲအစည်းများဖြစ်သော PFI ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် ၂၀၂၄ ခုနှစ် ဧပြီလကုန်ထိ SME လုပ်ငန်းရှင် ၁၈၆၉ ဦးသို့လည်း ချေးငွေကျပ် ၃၆၈.၃၆၉ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ #Crd