သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်က ခဲရန်းစ်လေဆိပ်နားမှာ မေလ ၂၁ ရက် ညက ဥက္ကာပျံလို့ ယူဆရတဲ့ မီးလုံးပြုတ်ကျခဲ့သဖြင့် လေဟာပြင် ယာဉ်ရပ်နားစခန်းနားက ညကောင်းကင်ဟာ လင်းလက် တောက်ပနေခဲ့ကြောင်းသိရပါတယ်။
ခဲရန်းစ်လေဆိပ်က ၁၆ စက္ကန့်ကြာ ဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်ပို့စ်တခုမှာ တင်ထားခဲ့ကြောင်းသိရပါတယ်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/05/viber_image_2023-05-24_10-17-21-664-1.png?resize=500%2C261&ssl=1)