အူဆိုက်က WBC ချန်ပီယံ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီကို အမှတ်ဖြင့်အနိုင်ယူ

မေ (၁၉)ရက်နံနက်အစောပိုင်းက ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ရှိ Kingdom Arena တွင်ကျင်းပပြုလုပ်ခဲ့သော အငြင်းပွားဖွယ်မရှိ ဟဲဗီး၀ိတ်တန်းချန်ပီယံခါးပတ်ပေါင်းစည်းပွဲတွင် WBA (Super)၊ IBF နှင့် WBO ချန်ပီယံ ယူကရိန်းလက်ဝှေ့သမားအူဆိုက်က WBC ချန်ပီယံ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီကို အမှတ်ဖြင့်အနိုင်ယူခဲ့ကြောင်းသိရသည်။

အူဆိုက်သည် ခါးပတ် (၄)ခုချီးမြှင့်သည့်ကာလအတွင်း ပထမဆုံးအငြင်းပွားဖွယ်မရှိ ဟဲဗီး၀ိတ်တန်းချန်ပီယံအဖြစ်မှတ်တမ်း၀င်ခဲ့ပြီး ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘ၀ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။