အကြမ်းဖက်တွေနဲ့ အကြမ်းဖက်ထောက်ခံအားပေးတွေပြောနေကြတဲ့ လက်သုံးစကား….မြို့သိမ်းတိုက်ပွဲဆင်နွဲမယ်…ဟိုနားမှာလည်း ဆင်နွဲမယ် ဒီနားမှာလည်း ဆင်နွဲမယ်နဲ့ အလှူတွေခံတယ်…..ဘူမသိကိုယ်မသိ ပြည်သူတွေကလည်း သူများယောင်လိုယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ…အလှူတွေထည့်ကြတယ်….သူတို့ရဲ့ အတွေးတွေထဲမှာတော့ ဟုတ်လေနိုးနိုးနဲ့ပေါ့…
ဒီလိုနဲ့ ဆင်နွဲမယ်ဆိုပြီး စလာလိုက်တာ..အရင်ဆုံး ထန်တလန်…မီးတွေလောင် မြို့တွေပျက်…နောက်ထပ်လွိုင်ကော်၊ ဒီမော့ဆို.. ပေါက်တော စစ်ကိုင်းတိုင်းအတွင်းက မြို့တွေ ကောလင်း…..ထီးချိုင့်၊ ရှမ်းပြည်နယ်အတွင်းက ဆီဆိုင်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ကရင်ပြည်နယ်ထဲက မုန်း၊ ကော့ကရိတ် စတဲ့ မြို့တွေမှာ အကြမ်းဖက်တွေ ဝင်ရောက်ခဲ့လို့ အခု ဘယ်လိုတွေဖြစ်သွားပြီလဲ? အဲ့ဒီမြို့ထဲမှာ နေထိုင်ကြတဲ့ သူတွေရော..အခုဘယ်လိုနေနေရပြီလဲ?
အချို့နေရာတွေဆိုတိုက်ပွဲတွေ ပြီးသွားတာတောင် မိမိတို့အိမ်ကို မပြန်ရဲပဲ စစ်ရှောင်နေကြရတယ်….ပျက်ဆီးသွားတဲ့ အိမ်တွေကို ဘယ်လောက်ကြာကြာမှ အရင်လို ပြန်ဆောက်နိုင်မယ် မသိတော့ဘူး…မိသားစုတွေလည်း စစ်ရဲ့အကျိုးဆက်ကြောင့် အရင်လို မိသားစု စုံစုံလင်လင် မရှိကြတော့ဘူး….ဒီတော့ အကြမ်းဖက်တွေဝင်ရောက်လာခဲ့တဲ့ မြို့တွေနဲ့ အကြမ်းဖက်တွေ မရှိတဲ့မြို့..ဘယ်လိုကွာခြားသွားလဲ…
တစ်ချို့အကြမ်းဖက်ထောက်ခံလူတွေက လူလည်ကြတယ်… တစ်ခြားမြို့တွေကို တိုက်မယ်ဆိုရင် မြောက်ပေးနေကြပေမယ့် သူတို့မြို့မှာ လုပ်မယ်ဆိုရင်တော့ အသည်းအသန်ကန့်ကွက်ကြတယ်….တရားကျဖို့တော့ကောင်းသား….ဒါကြောင့်မို့ မိမိတို့ မြို့ရွာတွေကို အေးချမ်းစေဖို့ အကြမ်းဖက်တွေကို မြို့တွေရွာတွေထဲ..အဝင်မခံခြင်းဖြင့် ကိုယ်မြို့ကိုယ့်ရွာကို စောင့်ရှောက်ကြပါစို့…
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/20.jpeg?resize=500%2C261&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/image-10.png?resize=259%2C195&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/image-9.png?resize=640%2C420&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/00000000000000000000000000000_1_4.jpg?resize=640%2C426&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/Picture1-3.png?resize=640%2C480&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/Thantlang_6-780x470-1.jpeg?resize=640%2C386&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/image-7.png?resize=640%2C339&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/image-8.png?resize=622%2C280&ssl=1)