မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ၁၂၀၀ အချိန် က သက်သေများနှင့်အတူ လွိုင်လင်မြို့နယ်၊ ကွတ်ချိုးကျေးရွာအနီးတွင် ခွန်လှကြည် မောင်းနှင်ပြီး ခွန်တဆာ လိုက်ပါလာသည့် TOYOTA HILUX အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဘိန်းစိမ်းအလေးချိန် ၂၀၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ # Crd
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-20_16-23-24.jpg?w=640&ssl=1)