လေ့ကျင့်မှကျွမ်းကျင်

စစ်ဦးစီးတက္ကသိုလ်ရှိ အိမ်ထောင်သည်ရဲမေများအား စစ်ရေးပြနှင့်လက်နက်ငယ်(ပစ်ခတ်စဉ်ပါ)သင်တန်း ဖွင့်လှစ်လေ့ကျင့်ပြီး ယနေ့နံနက်ပိုင်းတွင် စက်ပစ်ကွင်း၌ လက်တွေ့လေ့ကျင့်ပစ်ခတ်ခဲ့ပါတယ်။ အဆိုပါ လက်နက်ငယ် လက်တွေ့လေ့ကျင့်ပစ်ခတ်ခြင်းကို စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် ဇနီးတို့မှ သွားရောက်ကြည့်ရှုခဲ့ပြီး ထူးချွန်စွာပစ်ခတ်နိုင်သူများကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါတယ်။