လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးတယ်လို့ Mizzima ကရေးတဲ့ သတင်းအမှား

ဇူလိုင် ၇ ရက်မှ ၁၃ ရက်နေ့အထိ မြင်းမူမြို့နယ်အတွင်း ဂုံညှင်းဆိပ်၊ ငကင်း၊ ကန်သုံးဆင့် စသည့်ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာမီးရှို့ခဲ့သည်။ အဆိုပါ စစ်ကြောင်းကို ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၄ နာရီခန့်က ကျေးရွာတရွာအနီးတွင် ကင်းပုန်းဝပ် တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ပွဲ၌ စစ်သား ၃၀ ခန့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Mizzima မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၃ ရက်နေ့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ကံသုံးဆင့်ရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်လုပ်စိန်ပြောင်း ၁၈ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၆ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး (ပြုလုပ်ဆဲ) ၂၂လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၄လုံး၊ ယမ်း ၁ ပိသာခန့် ၁ ထုပ်၊ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်ရှော့တိုက်ပြောင်း ၁၆ လက်၊ လက်လုပ်စိန်ပြောင်း ဗုံးသီး ၁၃ လုံး၊ လက်လုပ်စိန် ပြောင်းဗုံးသီး(ပြုလုပ်ဆဲ) ၃၂ လုံးနှင့် ဆက်စပ်ပစ္စည်းတို့အား တပ်မတော်က သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ဂုံညှင်းဆိပ်၊ ငကင်း၊ ကန်သုံးဆင့် စသည့်ကျေးရွာများကိုစစ်တပ်က မီးရှို့ခဲ့ခြင်းမရှိဘဲ PDF များဆုတ်ခွာချိန်တွင် မီးတင်ရှို့သွားခဲ့ကြောင်း ဒေသတွင်းသတင်း ပေးချက်များအရသိရှိရပါတယ်။ Mizzuma မှ ဖြစ်စဉ်အမှန်မဖော်ပြဘဲ တပ်မတော်ကိုအပုတ်ချကာ ကျေးရွာတွေကို စစ်တပ်ကမီးရှို့တယ် ပြီးတော့ စစ်သား ၃၀ ဦးခန့်သေဆုံးတယ်ဆိုပြီးပါ အရှက်မရှိအောက်တန်းကျစွာရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FACT-CHECK