ရုရှားသမ္မတပူတင် တရုတ်နိုင်ငံဘေဂျင်းသို့ရောက်ရှိ

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ရုရှားသမ္မတရွေးကောက်ပွဲမှာ ပြန်အနိုင်ရပြီးနောက် သူ့ရဲ့ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ကို ဒီကနေ့ မေလ ၁၆ ရက် မနက်အစောပိုင်းမှာ ရောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။

နှစ်ရက်တာကြာမြင့်မယ့် ပူတင်ရဲ့ ခရီးစဉ်အတွင်းမှာ အသစ်ခန့်အပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီး အန်ဒရီ ဘယ်လိုဆော့ဗ်လည်း လိုက်ပါလာခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ရော့၊ လုံခြုံရေးကောင်စီအတွင်းဝန် ဆာဂေးရှိုဂူ၊ နိုင်ငံခြားရေးမူဝါဒအကြံပေး ယူရီ ယူရှာကော့ဗ်နဲ့ ရုရှားရဲ့ သြဇာအကြီးဆုံး ကုမ္ပဏီ စီအီးအိုတွေလည်း လိုက်ပါလာခဲ့တယ်လို့ ဆိုပါတယ်။

အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ ကရင်မလင်နဲ့ နိုင်ငံခြားရေးမူဝါဒလက်ထောက် ယူရီ ယူရှာကော့ဗ်က ပြောဆိုထားပြီး ယူကရိန်းအရေး၊ အာရှရေးရာ၊ စွမ်းအင်နဲ့ ကုန်သွယ်မှုတွေအကြောင်းကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

#𝙈𝙃𝙏𝙉𝙀𝙒𝙎