ရန်ကုန်မြိုပြ အများပြည်သူ သယ်ယူပိုဆောင်ရေး အများနဲ့သက်ဆိုင်သော ကုမ္ပဏီ လီမိတက် YUPT က ရပ်နားခဲ့သည့် YBS ယာဉ်လိုင်း ၄ ခုကို Yutong နှင့် Ankai အမျိုးအစား ယာဉ်အသစ် အစီး ၄၀ ဖြင့်အစားထိုးကာ ယနေ့ (နိုဝင်ဘာ ၁၁ ရက်) မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေကြောင်း ၎င်းကုမ္ပဏီထံမှ သိရှိရပါတယ်။
ထိုသို ပြန်လည်အစားထိုးပြေးဆွဲရာ၌ YBS 15 လိုင်းတွင် ၁၀ စီး၊ YBS 17 လိုင်းတွင် အစီး ၂၀၊ YBS 26 လိုင်းနဲ့YBS 114 ယာဉ်လိုင်းတိုတွင် ငါးစီးနှုန်းစီ ထည့်သွင်းကာ ခရီးသည်စီးနင်းမှုများပြားသည့် ရုံးတက်ရုံးဆင်းချိန်များတွင် အဓိကထား ပြေးဆွဲရန် စီစဉ်ထားသည်ဟုဆိုပါတယ်။
ယင်းကုမ္ပဏီအနေဖြင့် ၎င်းပိုင်း YBS 15, YBS 17, YBS 26, YBS 114 ယာဉ်လိုင်း ၄ လိုင်းမှ ကိုရီးယားဟွန်ဒိုင်း ဝါစိမ်းနီဘတ်စ်များကို နိုဝင်ဘာ ၉ ရက်တွင် ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်ရှင်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2022/11/pic.jpg?resize=640%2C299&ssl=1)