သင်လည်း တစ်နေ့
မိဘ ဖြစ်လာဦးမှာပါ

(၁)သင့်အလုပ်၊
သင့်မိသားစုအရေး
ကြိုးပမ်းနေချိန်မှာ
သင့်ရဲ့မိဘတွေစိတ်ထဲ
ဘာတွေ တွေးနေမလဲ-?

သူတို့မျက်ဝန်းလေးတွေက
ဘာတွေ မျှော်လင့်တောင့်တနေမလဲဆိုတာ
သေချာပြန်ကြည့်မိပါသလား-?

(၂)တစ်နေ့ပြီးတစ်နေ့
သင့်မိဘတွေရဲ့စိတ်ပိုင်း၊ရုပ်ပိုင်း
ပြောင်းလဲလာမှုကို သတိထားပြီး
ဂရုတစိုက် ကြည့်မိပါသလား-?

(၃)အသက်တွေကြီးလာလေ
အိုမင်းမစွမ်းဖြစ်လာလေ ရောဂါရလာလေ။
သူတို့မျက်ဝန်းလေးတွေမှာ အားငယ်မှုလေးတွေ
စိုးရိမ်မှုလေးတွေ တစ်စတစ်စ ပိုထင်ဟပ်လာတာ
သတိထား ကြည့်မိပါရဲ့လား-?

(၄)သင့်မိဘတွေလိုအပ်တာ
သားသမီးတွေရဲ့နွေးထွေးမှု၊ဂရုစိုက်မှု
အေးချမ်းတဲ့မေတ္တာဆိုတာကော
သင်သတိမပြုမိဘဲ အမှုမဲ့အမှတ်မဲ့
နေနေခဲ့မိပါသလား-?

(၅)အခုမေ့နေမိတာ ပြန်အမှတ်ရသွားပြီဆိုရင်
အဖေအမေတို့လည်း သက်ရှိထင်ရှားရှိနေဦးမယ်
ဆိုရင်-အချိန်မီပါသေးတယ်။

မိဘ မရှိတော့တဲ့အချိန်ကျမှ
မျက်ရည်ကျလည်း အလဟဿပါပဲ။

သင့်မိဘ သက်ရှိထင်ရှားရှိနေတုန်း
သင်လုပ်ပေးနိုင်တဲ့ စိတ်အား၊လူအား၊
ငွေအားအကုန်လုံးနဲ့မိဘကို ဂရုစိုက်ပေးလိုက်ပါ။

သင်လုပ်သမျှ သင့်ဆီ
ပဲ့တင်ထပ်လာပါလိမ့်မယ်။

သင်လည်း အသက်တွေကြီးလာပြီး
သူတို့လိုအရွယ် ရောက်လာတဲ့အခါ
ဒီလိုမျက်ဝန်းတွေနဲ့ပဲ
သင့်သားသမီးလေးတွေဆီက မေတ္တာကို
သင် မျှော်လင့်နေမိမှာပါ။

ဒါ့ကြောင့်-
မိဘကို စိတ်ရှည်ပါ၊ကိုယ်ချင်းစာပါ။

Credit_နှိုင်းရင့်နွေ