ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်များကိုပြောင်းလဲသတ်မှတ်

ရန်ကုန်တိုင်းအတွင်းရှိခရိုင်များကိုအောက်ပါအတိုင်းပြောင်းလဲသတ်မှတ်လိုက်သည်ဟုသိရပါသည်-

-ကျောက်တံတား မြို့နယ်၊ ပန်းဘဲတန်း မြို့နယ်၊ လသာ မြို့နယ်၊ လမ်းမတော် မြို့နယ်နှင့် ဒဂုံ မြို့နယ် ၅ မြို့နယ်ပေါင်း၍ ကျောက်တံတား ခရိုင်ဟုလည်းကောင်း။

-အလုံ မြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်နှင့် စမ်းချောင်း မြို့နယ် ၃ မြို့နယ် ပေါင်း၍
အလုံ ခရိုင်ဟု လည်းကောင်း။

-မရမ်းကုန်း မြို့နယ်၊ လှိုင် မြို့နယ်နှင့် မြောက်ဥက္ကလာ မြို့နယ် ၃ မြို့နယ် ပေါင်း၍
မရမ်းကုန်း ခရိုင် ဟုလည်းကောင်း။

ကမာရွတ် မြို့နယ်နှင့် ဗဟန်း မြို့နယ် ၂ မြို့နယ် ပေါင်း၍ ကမာရွတ် ခရိုင် ဟုလည်းကောင်း။

-သင်္ဃန်းကျွန်း မြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကင်း မြို့နယ်နှင့် တာမွေ မြို့နယ် ၄ မြို့နယ် ပေါင်း၍ သင်္ဃန်းကျွန်း ခရိုင်ဟု လည်းကောင်း။

-ဗိုလ်တစ်ထောင် မြို့နယ်၊ ဒေါပုံ မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပုဇွန်တောင် မြို့နယ်နှင့် သာကေတ မြို့နယ် ၅ မြို့နယ် ပေါင်း၍ ဗိုလ်တစ်ထောင် ခရိုင် ဟုလည်းကောင်း။

-ဒဂုံမြိုသစ် တောင်ပိုင်း မြိုနယ်၊ ဒဂုံမြိုသစ် မြောက်ပိုင်း မြို့နယ်၊ ဒဂုံမြိုသစ် အရှေ့ပိုင်း မြို့နယ်နှင့် ဒဂုံမြိုသစ် ဆိပ်ကမ်း မြို့နယ် ၄ မြို့နယ် ပေါင်း၍ ဒဂုံမြိုသစ် ခရိုင် ဟုလည်းကောင်း။

-သန်လျင် မြို့နယ်၊ ကျောက်တန်း မြို့နယ်၊ သုံးခွ မြို့နယ်၊ ခရမ်း မြို့နယ်နှင့် ကိုကိုးကျွန်း မြို့နယ် ၅ မြို့နယ် ပေါင်း၍ သန်လျင် ခရိုင် ဟုလည်းကောင်း။

-တွံတေး မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ဒလမြို့နယ်၊ ကော့မှူး မြို့နယ်နှင့် ကွမ်းခြံကုန်း မြို့နယ် ၅ မြို့နယ် ပေါင်း၍ တွံတေး ခရိုင် ဟုလည်းကောင်း။

-အင်းစိန် မြို့နယ်၊ လှိုင်သာယာ အရှေ့ပိုင်း မြို့နယ်နှင့် လှိုင်သာယာ အနောက်ပိုင်း မြို့နယ် ၃ မြို့နယ် ပေါင်း၍ အင်းစိန် ခရိုင်ဟုလည်းကောင်း။

-မင်္ဂလာဒုံ မြို့နယ်နှင့် ရွှေပြည်သာ မြို့နယ် ၂ မြို့နယ် ပေါင်း၍ မင်္ဂလာဒုံ ခရိုင် ဟုလည်းကောင်း။

-မှော်ဘီ မြို့နယ်နှင့် ထန်းတပင် မြို့နယ် ၂ မြို့နယ် ပေါင်း၍ မှော်ဘီ ခရိုင် ဟုလည်းကောင်း။

-လှည်းကူး မြို့နယ်အား လှည်းကူး ခရိုင် ဟုလည်းကောင်း။

-တိုက်ကြီး မြို့နယ်အား တိုက်ကြီး ခရိုင်ဟု လည်းကောင်း ပြောင်းလဲ သတ်မှတ်လိုက်သည်ဟုသိရပါတယ်။ #Crd