မြောက်ကိုရီးယားနိုင်ငံဟာ မြေပြင်ကနေ ပင်လယ်ပြင်ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်အသစ်ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ စမ်းသပ်ပစ်ခတ်မှုကို ခေါင်းဆောင် ကင်ဂျူံအန်းကိုယ်တိုင်သွားရောက်ကြီးကြပ်ခဲ့တာဖြစ်ပြီး ပင်လယ်ပြင်က ပစ်မှတ်တွေကို အတိအကျ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဒုံးကျည် အသစ်တွေကို ရေတပ်အတွက် အသုံးပြုသွားမယ်လိုလည်း မြောက်ကိုရီးယားသတင်းဌာနက ပြောကြားခဲ့တယ်လို့သိရပါတယ်။ # Crd
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-15_12-25-05.jpg?w=640&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-15_12-25-05-2.jpg?resize=640%2C424&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-15_12-25-06-2.jpg?resize=640%2C424&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-15_12-25-06.jpg?resize=640%2C427&ssl=1)