မြဝတီမြို့နယ်တိုက်ပွဲဖြစ်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတယ်လို့ Ayeyarwaddy Times မှ သတင်းအတုရေး

ကရင်ပြည်နယ်၊ မြဝတီမြို့ မဲကနယ်ဒေသအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တော်လှန်ရေးအင်အားစုများ ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Ayeyarwaddy Times မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၉ ရက်နေ့၌ ကရင်ပြည်နယ်၊ မြဝတီမြို့ မဲကနယ်ဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNU+PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Ayeyarwaddy Times မှ ဖြစ်စဉ်မရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးတယ်ဆိုပြီး လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FactCheck