မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များ၏ စစ်ကိုင်းတောင်ရိုးသီတဂူဆွမ်းဆန်အလှူ တော်နှင့် ရေအလှူတော်မင်္ဂလာဓမ္မသဘင်ကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မဇောတိက သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိသရ ကြွရောက်ချီးမြှင့်တော်မူပြီး ဓမ္မသဘင်ကျင်းပခဲ့ပါတယ်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများ က သီတဂူဆရာတော်ဘုရားကြီး ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးအား သီတဂူဆန်အလှူတော်၊ သီတဂူရေအလှူတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သီတဂူဆရာတော်ဘုရားကြီး ဟောကြားချီးမြှင့် တော်မူသော အနုမောဒနာတရားများကို နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြခဲ့ပါတယ်။
ယနေ့လှူဒါန်းမှုတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များသည် ဆန် တင်း(၉၀၀)နှင့် အလှူတော် ငွေကျပ်သိန်းပေါင်း(၇၆၄)သိန်းတို့အား လှူဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိရပါတယ်ရှင်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2022/11/viber_image_2022-11-12_21-19-23-848.jpg?resize=640%2C427&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2022/11/viber_image_2022-11-12_21-19-28-397.jpg?resize=640%2C426&ssl=1)