ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်နဲ့ ကိုနိုင်ဖြိုးကျော်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာဦးအလှူအနေနဲ့ ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ နေရာ ၄ နေရာမှာ အလှူအတန်းတွေလုပ်ခဲ့ပါတယ်။
သူမရဲ့ မင်္ဂလာဦးအလှူအနေနဲ့ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိ အဘိုးအဘွားတွေအတွက် တစ်သက်တာ ဆွမ်းပဒေသာပင်၊ စိတ်ကျန်းမာရေးဆေးရုံရှိ စိတ်ဝေဒနာရှင်တွေအတွက် တစ်သက်တာ အာဟာရအလှူ၊ ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံဂေဟာကလေးငယ်တွေအတွက် Diaper၊ နို့မှုန့်အစရှိတဲ့ လူဖွယ်ပစ္စည်းအမျိုးမျိုးအပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး(ဗဟို) ရှိ စက်အဖွဲ့သားတွေ၊ ဇာတ်ပို့ ဇာတ်ရံသရုပ် ဆောင်တွေအတွက်လည်း ဆန်နဲ့ ဆီအစရှိတာတွေကို လှူဒါန်းခဲ့ပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က တရုတ်ပြည် လိကျန်းမြို့ကလေးပေါ်က Jade Dragon Snow Mountain ရေခဲတောင်ပေါ်မှာ မင်းသမီးဝတ်မှုန်ရွှေရည်ရဲ့လက်ထပ် မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။ ဒါ့ပြင် ဒီဇင်ဘာ ၃ ရက်နေ့ကလည်း လက်မှတ်ရေးထိုးပွဲနဲ့အတူ မင်္ဂလာဦးဆွမ်းကပ်အလှူပွဲကို ကျင်းပခဲ့ပြီးဖြစ်သလို မကြာခင်ရက်ပိုင်းမှာလည်း ရန်ကုန်မြို့မှာ မင်္ဂလာပွဲအခမ်းအနား ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/12/photo_2023-12-17_18-50-07-2.jpg?resize=640%2C523&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/12/photo_2023-12-17_18-50-07-1.jpg?resize=640%2C601&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/12/photo_2023-12-17_18-50-07-4.jpg?resize=640%2C426&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/12/photo_2023-12-17_18-50-07-5-1.jpg?resize=640%2C426&ssl=1)