နေပြည်တော်ရေပန်း ဥယျာဉ်တွင် ကျင်းပလျက်ရှိသော
ညဈေးရောင်းပွဲတော်သို့လည်ပတ် ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိနေပါတယ်…
ယမန်နေ့ည ပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်များအပြင်
နိုင်ငံကျော်တေးသံရှင်များနှင့် The Voice Myanmar မှ တေးသံရှင်များက
Music Band များဖြင့် ပရိတ်သတ်အကြိုက်တေးသီချင်းများကို ညနေ ၆ နာရီမှ ည ၉ နာရီထိ ဖျော်ဖြေသီဆိုခဲ့ကြပါတယ်…
ပွဲတော်တွင် ကိုရီးယား.မြန်မာအစားအသောက်များရောင်းချသည့် ဆိုင်ပေါင်း ၅၀ ကျော်
ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဝင်ကြေးအနေဖြင့် ၅ နှစ်အထက်နှင့် လူကြီးတစ်ဦးလျှင် ၃၀၀၀ ကျပ်ဖြစ်ပါတယ်.
အဆိုပါဈေးရောင်းပွဲတော်အား အောက်တိုဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်…
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2022/10/ပွဲတော်၁-1.jpg?resize=640%2C480&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2022/10/ပျော်ပွဲ၂-1.jpg?resize=640%2C361&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2022/10/ပွဲတော်၃-1.jpg?resize=640%2C471&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2022/10/ပွဲတော်၄-1.jpg?resize=640%2C640&ssl=1)