![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/03/photo_2023-03-30_10-17-11.jpg?resize=640%2C319&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/03/photo_2023-03-30_10-17-14.jpg?resize=640%2C336&ssl=1)
ထိုင်းနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၂၃ ဦးအား မတ် ၂၉ ရက်နံနက် ၁၀ နာရီတွင် ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံမှတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်ရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံး၌ ထိုင်းနိုင်ငံတာဝန်ရှိသူများက လွှဲပြောင်းပေးခဲ့ရာ မြန်မာနိုင်ငံမှ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊မြဝတီမြို့ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ၏ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။