ထိုင်းဝန်ကြီးချုပ်က တရားမဝင် ဝင်ရောက်လာတဲ့သူတွေကို ဖမ်းဆီးဖို့ ပြီးခဲ့တဲ့အပတ်က အမိန့်ထုတ်လာတဲ့အတွက် မြန်မာ-ထိုင်း နယ်စပ်မှာသာမက ထိုင်းနိုင်ငံအတွင်းမှာပါ အရင်ကထက် လုံခြုံရေးတင်းကြပ်မှုတွေရှိနေပြီး အဖမ်းအဆီးတွေလည်း ပိုများလာတယ်လို့ သိရပါတယ်။
တရားမဝင် ဝင်လာတဲ့ သူတွေဟာ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာ ရခဲ့ရင်လည်း ထိုက်သင့်တဲ့ နစ်နာကြေးမရပဲ ဆေးကုသပေးရုံမျှကိုသာ ကျေနပ်နေရတာတွေလည်း ရှိနေပါတယ်။
ဒါ့ကြောင့်မို့လို ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ချင်တဲ့သူတွေအနေနဲ့ နစ်နာဆုံးရှုးမှုတွေ မဖြစ်စေဖို့အတွက် တရားဝင် လမ်းကြောင်းကနေသာ သွားဖို့ အကြံပြုလိုပါတယ်။
မြန်မာအစိုးရက MOU စနစ်နဲ့လည်း ပို့ဆောင်ပေးနေတဲ့အတွက် အသိနဲ့သတိယှဉ်ပြီး လုပ်ဆောင်ဖို့ ထပ်ပြီး သတိပေးလိုက်ပါတယ်နော်။ #Crd
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-28_16-03-09-2.jpg?w=640&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-28_16-03-09.jpg?resize=284%2C178&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-28_16-03-10-2.jpg?resize=259%2C194&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2024/02/photo_2024-02-28_16-03-10.jpg?resize=640%2C437&ssl=1)