🌷အတွေးမချော်ဖို့ ဂရုစိုက်ပါ🌷 အတွေးတဲ့စကားလုံးက နှစ်လုံးထဲမို့သာအဓိပ္ပါယ်တွေက အရမ်းကျယ်ပြန့်တယ် ။ အတွေးလွန်သွားပြီဆိုရင်နေရတာဟာ မသက်သာကြသလိုအိပ်ရတာလည်း မကောင်းတော့ဘူး ။ အတွေးမှားပြီးဆိုရင်အလုပ်တွေမှားပြီး ဆင်းရဲကြရတယ် ။ ပူစရာတွေ တွေးမိတဲ့အခါကိုယ့်လောကဟာ ပူလောင်ခံရတယ် ။ အေးစရာတွေ တွေးမိတဲ့အခါကိုယ့်လောကဟာ ငြိမ်းချမ်းရတယ် ။ ရလိုမှုနဲ့စပ်တဲ့အတွေးမကျေနပ်မှုနဲ့စပ်တဲ့အတွေးတွေဟာကိုယ့်ဘ၀အတွက် အဆိပ်အပူတွေပါပဲ ။ စွန့်လွတ်မှုနဲ့စပ်တဲ့အတွေးသူများချမ်းသာစေလိုတဲ့အတွေးကိုတွေးပေးတတ်ရင် ချမ်းသာပါတယ် ။ ငါဟာ သေဖို့နီးလာပြီဆိုတဲ့အတွေးငါဟာ မမြဲတဲ့…