စစ်တပ်ကပေါ်တာဆွဲတယ်ဆိုတဲ့ကောလာဟလ

ဖြစ်စဉ်အမှန်မှာ

ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ညွှန်ကြားချက်ဖြစ်ပါတယ်။ ပြည်သူ့လုံခြုံရေးစနစ်ဖြစ်ပါတယ်။ ပြည်သူ့စစ်မဟုတ်ပါ။ စစ်တပ်ကပေါ်တာ ခေါ်ခြင်းမဟုတ်ပါ။ စစ်သင်တန်းတက်ပြီးလည်း စစ်သွားတိုက်စရာမလိုအပ်ပါ။ စစ်သင်တန်းပေးပြီး ရှေ့တန်းလွှတ်မယ်၊ စစ်တိုက်ခိုင်းမယ်ဆိုတာတွေက ကောလာဟလ သတင်းအမှားများသာဖြစ်ပါတယ်။ မိမိရပ်ရွာဒေသကို ကာကွယ်ရန်အတွက် စစ်သင်တန်းပေးခြင်းသာဖြစ်ပါတယ်။ မိမိအိမ်၊ ရပ်ရွာကို မိမိတိုပဲ ကာကွယ်ရပါမယ်။ အရေးကြုံမှ သေနတ်ပေးလို့ မပစ်တတ်ရင်မရပါဘူး။ ကြိုတင်ပြင်ဆင် လေ့ကျင့်ထားရန်လိုအပ်ပါတယ်။ တိုင်းတစ်ပါး လူမျိုးခြား ဥပမာကိုးကန့်က လာတိုက်ရင် ကိုယ့်ဒေသကိုယ် ကာကွယ်နိုင်ဖို့ အမိမြေနဲ့ အမျိုးဘာသာသာသနာကို ကာကွယ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

ပြည်သူ့လုံခြုံရေးစနစ်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ရပါမယ်။ ပြည်သူ့လုံခြုံရေးစနစ်ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ၊ ပြည်သူ့စစ်နဲ့ နိုင်ငံရေးပါတီများပါ ပူးပေါင်းပံ့ပိုးကူညီဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ #Crd