၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် နယ်မြေခံ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်ရှိ သီရိရတနာတည်းခိုခန်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ စိုးမင်းအောင်(ခ)ကိုကျော်(၃၇)နှစ်၊ (ဘ)ဦးဝင်းထိန်၊ ၁၄/ကပန(နိုင်) ၁၅၂၁၉၆၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ နဝရတ်လမ်း၊ (၅)ရပ်ကွက်၊ လှိုင်သာယာမြို့၊ ငြိမ်းဇော်ထွေး(၂၈)နှစ်၊ (ဘ)ဦးမြင့်ကြည်၊ ၁၄/ဇလန(နိုင်)၁၇၄၄၉၄၊ ဗမာ/ဗုဒ္ဓ၊ တက္ကစီမောင်း၊ မင်းလှစည်သူလမ်း၊ (၆၉)ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နေသူတို့ ၂ ဦးအားဖမ်းဆီးရမိခဲ့ပြီး စိုးမင်းအောင်၏ ထွက်ဆိုချက်အရ တည်းခိုခန်းရှေ့ရပ်ထားသည့် ၎င်းတို့စီးနင်းလာသော ယာဉ်အမှတ် YGN-40 DD/9741 TOYOTA COROLLA (အဖြူရောင်) မော်တော်ယဉ်အတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ဆက်လက်ရှာဖွေခဲ့ရာ M-4 သေနတ် ၃ လက်(မတပ်ဆင်ရသေး)၊ Sig Saure ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည်နှင့် ၅.၅၆ ကျည် (အရေအတွက်စိစစ်ဆဲ)နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/08/photo_2023-08-19_09-03-27-2.jpg?resize=640%2C480&ssl=1)
![](https://i0.wp.com/www.pct.com.mm/wp-content/uploads/2023/08/photo_2023-08-19_09-03-27.jpg?resize=640%2C853&ssl=1)