ကျင်သီ ယာယီတံတား ရေစီးကြောင့် တိမ်းစောင်းသွားသည့်အတွက် ယာဉ်ဖြတ်သန်းခွင့်ပိတ်

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ – သီပေါ အကြားရှိ ကျင်သီယာယီတံတားမှာ ယနေ့ မေ(၂၈)ရက် နံနက်ပိုင်းတွင် တံတားတစ်ဖက်ခြမ်းသို တိမ်းစောင်းညွှတ်ကျသွားသဖြင့် ယာဉ်ဖြတ်သန်းခွင့်အား ခေတ္တပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ် များထံမှ သိရသည်။

“ကျင်သီယာယီ တံတားအခြေအနေက ကားတွေ သွားလို့ မရ‌တော့ဘူး။ တံတားစောင်းသွားပါပြီ။ အခုတော့ ဖြတ်သန်းခွင့်ကို ပိတ်ထားရပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ချောင်းရေအနည်းငယ် ကျဆင်းသွားပြီဖြစ်သော်လည်း တံတား၏ အခြေအနေမှာ ကြံ့ခိုင်မှုအားနည်းလာသဖြင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။