ကစားသမားဘ၀ ဆုဖလားပေါင်း(၁၃)လုံးကိုင်မြှောက်ထားနိုင်တဲ့ အဲဗာရက်ဇ်

အသက် (၂၃)နှစ်အရွယ် ဟူလီယန် အဲဗာရက်ဇ်ဟာ (၂၀၂၂)ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။အဲဗာရက်ဇ်ဟာ ကလပ်ကစားသမားဘ၀ မန်စီးတီးတွင်လည်း ပထမဆုံးရာသီတွင် ဆုဖလား(၃)လုံးရယူထားနိုင်သည့်အပြင် ဥရောပစူပါဖလားကိုလည်း အေသင်တွင်ဆွတ်ခူးနိုင်ခဲ့သည်။ အဲဗာရက်ဇ်အတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ဆုဖလားပေါင်း (၁၃)လုံးပိုင်ဆိုင်ထားသူလည်းဖြစ်သည်။ အဲဗာရက်ဇ်ဟာ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိခဲ့ပြီးနောက် ပျမ်းမျှ (၄၈)ရက်တွင် ဆုဖလား(၁)လုံးရရှိထားသူဖြစ်သည်။

အဲဗာရက်ဇ် တစ်ယောက် ဒီရာသီ မန်စီးတီးအသင်းနဲ့အတူ ဆုဖလားဘယ်လောက်အထိ ရယူပေးနိုင်မှာလဲ❓

CRD; footballking