KIA ကိုနားရွက်တံတွေးဆွက်နေတဲ့ TNLA

TNLA အဖွဲ့က ရွာထဲလက်နက်ကြီးနဲ့ ပစ်လို့ ကချင်အရပ်သား များထပ်မံထိခိုက်သေဆုံးမှုအပေါ် KIA တပ်ဖွဲ့ဝင်ဟု ယူဆရသည့် အကောင့်တစ်ခုမှ KIA/KIO အဖွဲ့အပေါ် အားမလိုအားမရဖြစ်နေကြောင်း ဝေဖန်ပြောဆိုနေကြောင်းပြောထားတဲ့ စာလိုင်းပေါ်မှာ ပျံ့နေခဲ့ပါတယ်။ စာရဲ့ အဓိပ္ပယ်အနေကတော့

Aww…TNLA hte hkrum mu ai sha anhte wunpawng myusha ni gayet zingri hkrum sha nga ai kun?
ဪ .. TNLA နဲ့တွေ့မှပဲ တို့ကချင်တွေ အနှိပ်စက်ခံနေရပါလား?

Myen ngu ai Myen hpyen Kongsi pyi ndai daram zingri ai lam n-galaw ai.Balawng ni hte hkrum mu ai sha wunpawng myusha ni a prat….Amen….
ဗမာဆိုတဲ့ စစ်ကောင်စီတောင် ဒီလောက် မရက်စက်ဘူး
ပလောင်နဲ့တွေ့မှပဲ .. ကချင်တိုင်းရင်းသားတွေ ဘဝ .. အာမင် ..

Wunpawng myusha ni hpe malai shang da ai ngu tsun ai KIA/KIO mung ya aten du hkra nsen pru n-gwi shi ai.Ram Ram myit htum ai KIA/KIO hpe………………..
ကချင်လူမျိုးကိုယ်စားပြုထားတယ်ပြောတဲ့ KIA/KIO အသံမထွက်ရဲသေးဘူး အခုထိ ..
တော်တော်စိတ်ကုန်တယ် KIA/KIO ကို ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း KIA နှင့် TNLA တို့ သဘောထားပြင်းထန်တဲ့ အနေအထားမှာ ရှိနေပြီး TNLA အနေဖြင့် KIA ဘက်ကို ယခုအကြိမ်နဲ့ဆိုရင် ပစ်ခတ်မှု(၂) ကြိမ်ရှိနေပြီ ဖြစ်ကြောင်း လည်း သိရှိရပါတယ်။