FIFA ၏ နိုင်ငံတကာခြေစမ်းပွဲအဖြစ် မြန်မာအမျိုးသားလက်ရွေးစင် ဘောလုံးအသင်းပွဲစဉ်များကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပေးမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ နိုင်ငံတကာခြေစမ်းပွဲအဖြစ် မြန်မာအမျိုးသားလက်ရွေးစင် ဘောလုံးအသင်းသည် ဇွန် ၁၆ ရက်တွင် တရုတ်အမျိုးသား လက်ရွေးစင်ဘောလုံးအသင်းနှင့်လည်းကောင်း၊ ဇွန် ၁၉ ရက်တွင် မကာအို အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနှင့်လည်းကောင်း တရုတ်နိုင်ငံတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသိရပြီး အဆိုပါ ပွဲစဉ်များကို ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ် မှ စတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်ခြင်းကို ဇွန်လ ၁၆ ရက်တွင် MRTV Sports Channel မှ လည်းကောင်း၊ ဇွန်လ ၁၉ ရက်တွင် MRTV Sports Channel၊ MRTV Farmers’ Channel၊ MRTV Parliament Channel တိုမှ လည်းကောင်း ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်.။