မြန်မာအမျိုးသမီးဘောလုံးအသင်း ဗီယက်နမ်ကို အနိုင်ရပါက ဒေါ်လာတစ်သိန်း ချီးမြှင့်မည်

၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆီးဂိမ်းစ်တွင် ဗိုလ်လုပွဲ့ တက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် ဗီယက်နမ်အသင်းကို အနိုင်ရရှိပါကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌမှ ဒေါ်လာတစ်သိန်း ချီးမြှင့်မည်ဂတိပြုထားကြောင်း သိရသည်။

ထိုအတူ မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် ဒုတိယဆုသာရရှိပါကလည်း ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်မည်ဖြစ်သလို ဗီယက်နမ်အမျိုးသားဘောလုံးအသင်းနှင့် မေလ ၁၆ ရက်တွင် တတိယလုပွဲ ယှဥ်ပြိုင်ကစားရမည့် မြန်မာအမျိုးသားဘောလုံးအသင်းအနေဖြင့်လးတတိယရရှိပါက ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်ရန် ပြင်ဆင်ထားသည်ဟုဆိုသည်။

အဆိုပါ မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် ဗိုလ်လုပွဲကို ယနေ့ (မေလ ၁၅ ရက်) ည ၇ နာရီတွင် ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းနှင့်ယှဥ်ပြိုင်ရမည်ဖြစ်ပြီး လက်ရှိ ဗိုလ်လုပွဲသို တက်လှမ်းနိုင်ခဲ့သဖြင့် ကျပ်သိန်း ၅၀၀၀ ခန့် ချီးမြှင့်ငွေရရှိထားကြောင်းလည်း သိရသည်။