FIFA ကခွင့်မပြုခဲ့တဲ့ ဘောလုံးဂျာစီ

၂၀၀၂ ခုနှစ်လောက်က ကင်မရွန်းအသင်းရဲ့ဂျာစီလက်ပြတ်ဒီဇိုင်းဟာ ပရိတ်သတ်တွေကြား အငြင်းပွားဖွယ်တစ်ခုဖြစ်ခဲ့ပါတယ်။ ကင်မရွန်းအသင်းဟာ နာမည်ကျော်အားကစားကုမ္ပဏီ Puma ကထုတ်လုပ်ပေးတဲ့ဂျာစီကိုဝတ်ဆင်ပြီး၊ ၂၀၀၂ အာဖရိကဖလားပြိုင်ပွဲကိုယှဥ်ပြိုင်ခဲ့တာပါ။ ဒါပေမယ့် FIFA က အဆိုပါဂျာစီကို ၂၀၀၂ ကမ္ဘာ့ဖလား‌မှာ ကင်မရွန်းအသင်းကိုဝတ်ဆင်ခွင့်မပြုခဲ့ပါဘူး။ FIFAက ” ဒါတွေက ဘောလုံးဂျာစီတွေမဟုတ်ဘူး။ စွပ်ကျယ်တွေပဲ။ ” လို့သုံးနှုန်းခဲ့တာပါ။

ကင်မရွန်းလက်ရွေးစင်အသင်းဟာ အလားတူဂျာစီဒီဇိုင်းမျိုးကို ၂၀၀၄ အာဖရိကဖလားပြိုင်ပွဲမှာ ဝတ်ဆင်ခဲ့ပါသေးတယ်။ FIFA ကတော့ အဆိုပါဂျာစီကို အားကစားလောကနဲ့ဆန့်ကျင်နေတဲ့ဘောလုံးအင်္ကျီ၊ ဘောလုံးဘောင်းဘီတွေဖြစ်ကြောင်း အတိအလင်းကြေငြာခဲ့ပြီး၊ ကင်မရွန်းအသင်းကိုလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲစဥ်တွေထဲက ရမှတ်ခြောက်မှတ်နှုတ်ပြီး အပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကင်မရွန်းအသင်း ဝတ်စုံပြည့်ပြန်လည်ဝတ်ဆင်ခဲဲ့လို့ အဆိုပါပြစ်ဒဏ်ကိုဖျက်သိမ်းပေးခဲ့ပါတယ်။

CRD;