AA ရဲ့ လုပ်ရပ်တွေကို လက်မခံတော့တဲ့ CNA

ချင်းပြည်နယ်အတွင်း AA က စစ်ရေးလှုပ်ရှားမှုကို ရှောင်ရှားရန် နှင့် လူ့အခွင့်အရေး ချိုး ဖောက်ခြင်းကိုရပ်တန့်ရန် NUG နှင့် နီးစပ်သော ချင်းပြည်ကောင်စီ(Chinland Council) က တိုက် တွန်းထားပြီး AA နှင့် CNAကြား တိုက်ပွဲဖြစ်လာနိုင်ကြောင်း ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။

ချင်းပြည်ကောင်စီက အဆိုပါထုတ်ပြန်ချက်ကို ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကာ ချင်ပြည်ကောင်စီသည် NUG နှင့်ပြီးခဲ့သော မေလ ၁၇ ရက်က အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၄)ရပ်ကိုလည်းချမှတ်သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ထားကာ အဆိုပါကောင်စီသည် ချင်ပြည်နယ်အစိုးရ အဖွဲ့အဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ULA/AA သည် ချင်းပြည်အတွင်းအပြစ်မဲ့ ချင်းပြည်သူများအပေါ် အတင်းအဓမ္မ တပ် သားများစုဆောင်း၍ စစ်သင်တန်းများ သင်ယူစေ ခြင်း၊ အတင်းအကျပ် အုပ်ချုပ်ရေးယန္တရားများ ဖော် ဆောင်ခြင်းများကို ဆောင်ရွက်နေသည့်အပြင် တိုင်း ရင်းသားလူမျိုးစုအချင်းချင်း အပြန်အလှန် လေးစား အသိအမှတ်ပြုမှုကို လျစ်လျူရှု၍ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်များကို တား ဆီးပိတ်ပင်ပြီး အခြေခံလူ့အခွင့်အရေးများကို ချိုး ဖောက်နေသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရသည်ဟု ချင်းပြည်ကောင်စီ၏ စာတွင် ဖော်ပြထားသည်။

ယခု လုပ်ရပ်များသည် တော်လှန်ရေးကာ လအတွင်း တိုင်းရင်းသားလူမျိုးနွယ်စုများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေသည့်အပြင် တစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် ဖော်ဆောင်နေသည့် တော်လှန်ရေးလမ်းစဉ်များကိုလည်း နှောင့်နှေးစေသည်ကို တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

ချင်းပြည်၏ အချုပ်အခြာအာဏာသည် ချင်းပြည်အတွင်းရှိ ပြည်သူလူထုများဖြစ်သည့် အ လျောက် ULA/AA အနေဖြင့် ချင်းပြည်အတွင်း စစ်ရေးလှုပ်ရှားမှုများ၊ စစ်ရေး ဖော်ဆောင်မှုများကို ရှောင်ရှားပေးရန်နှင့် ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်း ပြည်သူလူထုများ၏ သဘောထား ဆန္ဒမပါဘဲ အတင်းအကျပ် အုပ်ချုပ်ရေးဖော်ဆောင်ခြင်း၊ လူ့အ ခွင့်အရေး ချိုးဖောက်ခြင်းများ လုပ်ဆောင်နေမှုများသည် တိုင်းရင်းသားလူမျိုးနွယ်စုများ အချင်းချင်းကြား မလိုလားအပ်သော လူမျိုးရေး ပဋိပက္ခ၊ စစ်ရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေနိုင်သည့်အတွက် အထက်ပါ လုပ်ဆောင်နေမှုများကို ရပ်တန့်ပေးရန် အလေးအနက် တိုက်တွန်းသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘အခုပြဿနာက ဘာဖြစ်သလဲဆိုရင် AA စနက်ပါတာကိုး။ AA က ချင်းမှာ တော်တော် လွှမ်းမိုးသွားပြီလေ။ ဒီဟာပြီးရင် AA နဲ့ CNA နဲ့ ချ တော့မှာ။ AA နဲ့ပတ်သက်တဲ့ စာကိုတော့ CC(ချင်းပြည်ကောင်စီ) က ထုတ်တာပေါ့။ သူတို့တောင်ထုတ်တာဆိုတော့ တချို့ဟာတွေက မြေပြင်မှာ တ ကယ်ဖြစ်ပါတယ်။ တချို့ဟာတွေကျ ကိုယ်တိုင်မမြင်တော့လေ။ မြင်ရင်တော့ ပြောလို့ ရတာပေါ့။ မတူပီမှာလည်း AA ရောက်နေတယ်။ မင်းတပ်မှာလည်း AA ရောက်သွားတယ်။ အားလုံး AA က ရောက်လာတာ’ဟု ချင်းပြည်နယ် ဒေသခံတစ်ဦးက လက်ရှိအခြေ အနေကို NP News သို့ ပြောသည်။

အတည်မပြုနိုင်သောသတင်းများအရ ကျင်ဒွေးမြို့တိုက်ပွဲတွင် AA အဖွဲ့ဘက်မှ လူ(၁၀ဝ) ခန့်သေဆုံးကြောင်းလည်း သတင်းထွက်ပေါ်နေသည်။ ‘မတူပီမှာ CNA က တစ်ဖွဲ့ရှိတယ်။ မတူပီမြို့မှာ တပ်မဟာ ၁၊ ၂ ဆိုပြီး ၂ ခု ရှိတယ်။ တပ်မဟာ ၁ ဆိုတာက ချင်းညီနောင်ဆိုပြီး AA ကို သွားခေါ်လာတဲ့ ကောင်တွေ။ ကျင်ဒွေးကို သွားတိုက်တဲ့ AA ကိုသွားခေါ်လာတဲ့ကောင်တွေ။ အဲဒီမှာ ဘယ်သူတွေပါလဲဆိုတော့ ဖလန်း(CDF) ပါတယ်၊ ကန်ပက်လက် (CDF) ပါတယ်၊ မင်းတပ် (ချင်းအမျိုးသားကောင်စီ) ပါတယ်၊ မတူပီ (CDF) ပါတယ်။ AA ကတော့ သူတို့ရဲ့ God father ကြီးပေါ့ဗျာ။ တပ်မဟာ ၂ မှာက CNDF ။ အခုက ကိုယ့်အတ္တကြောင့် ဦးတဲ့သူ တက်သိမ်းဖြစ်နေပြီ။ ကြာတော့ မြို့ပျက်တာပဲ ရှိတာပေါ့။ မတူပီက ချင်းပြည်နယ်ရဲ့ တောင်ပိုင်း မြို့တော်လေ။ တကယ့်ကို အချက်အချာကျတယ်။ ဒီဟာကို လာပြီးတိုက်လို့ရမလား။ တောင်ထိပ်ကနေ စိုးမိုးထားတာလမ်းကို မြွေလိမ်၊မြွေကောက်ဖောက် ထား တာလာချင်တဲ့သူလာ။ လေယာဉ်နဲ့မှပဲရမယ့် အနေအထားပေါ့’ဟု အထက်ပါဒေသခံက ဆိုသည်။

AA အဖွဲ့အနေဖြင့် ပလက်ဝဒေသရှိ ချင်းအမျိုးသမီးများကို ဖမ်းဆီးမုဒိမ်းကျင့်ကာ ကိုယ်ဝန်ဖြင့် ပြန်လွှတ်သည့်လုပ်ရပ်များအပါအဝင် ရာဇဝတ်မှုများစွာကို ကျူးလွန်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (Global Khumi Organization – GKO) က ဇွန်လ(၂၀)ရက်တွင် ထုတ်ပြန်သောစာအတွင်းဖော်ပြထားပြီး လက်ရှိတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ AA အဖွဲ့က အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိကာ ထို့သို့အုပ်ချုပ်ရေးလုပ်ငန်းများဖော်ဆောင်ရာတွင် ဒေသခံချင်းလူမျိုးများအပေါ် အကြမ်းဖက်မှုမျိုးစုံ၊ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံနှင့် ဒေသတွင်း တရားမဝင်မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူး ခြင်းတို့ကိုကျယ်ပြန့်စွာ လုပ်ဆောင်လာကြောင်း GKO က ဆိုထားသည်။

၂၀၁၅ ခုနှစ်မှစ၍ AA တပ်ဖွဲ့ဝင်များက အမျိုးသမီးများအပါအဝင် လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာလူကြီးများ၊ လူငယ်ခေါင်းဆောင်တို့ကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်သဖြင့် ကိုယ်အင်္ဂါပျက်စီးသွားသူများရှိသည့်အပြင် သေဆုံးသူများလည်းရှိ ကြောင်း နှင့် အလားတူ ဗဗ သည် ချင်းအမျိုးသမီးများ ကို လည်းအကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ကာ မုဒိမ်း ကျင့်၍ (၆)လကြာမှ ကိုယ်ဝန်နှင့်ပြန်လွှတ်မှုများ၊ အသက်မပြည့်သေးသည့် အလယ်တန်း ကျောင်းသူ ပါမကျန် ထပ်ခါတလဲလဲ မုဒိမ်းကျင့်စော်ကားမှု ဖြစ်စဉ်များကိုလည်း ကျူးလွန်ဖူးကြောင်း GKO က ဆိုထားသည်။

AA လက်နက်ကိုင်အဖွဲ့အနေဖြင့် လက်နက်အားကိုးဖြင့် ဒေသခံချင်းလူမျိုးများအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို သည်းခံလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုသို့ရောက်ရှိတော့မည်ဖြစ်သည့်အပြင် လက်ရှိတွင် ပိုမိုဆိုးရွားလာနေကြောင်း၊ ထို့ကြောင့် AA အနေဖြင့် ပလက်ဝမြို့နယ်တွင်းရှိ ချင်းလူမျိုးများကိုမတရားဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ သက်ငယ်မုဒိမ်းမှုများကျူးလွန်ခြင်းအပြင် မူးယစ်ဆေးဝါးရောင်းချဖြန့် ဖြူးခြင်း၊ တစ်ဖက်နိုင်ငံမှ ရခိုင်လူမျိုးများကို အလုံး အရင်းဖြင့် တရားမဝင်တင်သွင်းအခြေချနေထိုင်စေခြင်း၊ ဌာနေတိုင်းရင်းသား ချင်းလူမျိုးများကို ဇာတိမြေပြင်ပေါ်မှ ပျောက်ကွယ်သွားစေရန်ရည်ရွယ်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု (crime against humanity) နှင့် လူမျိုးတုံး သတ်ဖြတ်မှု (Genocide) ကျူးလွန်ခြင်း၊ ဒေသခံတိုင်းရင်းသားများ၏ အိုးအိမ်များကို သိမ်းယူဖျက်ဆီးခြင်းနှင့် ချင်းလူမျိုးများ၏ စာပေဘာသာစကား၊ ယဉ်ကျေးမှုများ ပပျောက်၍ ဆက် လက်မရပ်တည်နိုင်ရန်နည်းလမ်းမျိုးစုံ အသုံးပြုလုပ်ဆောင်သည့် လုပ်ရပ်များကို ချက်ခြင်းရပ်တန့်ပေးရန် GKO က တောင်းဆိုထားသည်။

Global Khumi Organization (GKO) သည် နိုင်ငံတကာရောက် ခူမီးချင်းတိုင်းရင်း သားများစုဖွဲ့ထားခြင်းဖြစ်ကာ ပလက်ဝမြို့နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုနှင့် ပတ်သက်သော အကူအညီများကိုပံ့ပိုးခဲ့သောအဖွဲ့အစည်း ဖြစ်ကြောင်းလည်း သိရသည်။

#CRD_NOM