ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်တုံကျေးရွာအနီး၊ ဝမ်တုံ-မယ်ဆိုင်ရေချောင်း သွားကားလမ်းတွင် ဝမ်တုံဘက်မှ မယ်ဆိုင်ရေချောင်းဘက်သို့ စိုင်းဆုတ်(ခ) စိုင်းကျော် မောင်းနှင်ပြီး စိုင်းစိုင်း(ခ) အိုက်ကျိုင်း (ခ)စိုင်းဖွန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ဆိုင်ကယ်ပေါ်ရှိ စက္ကူဂျပ်ဖာ အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၂၈၃၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၅၄ တုံး၊ အလေးချိန် ၁၈ ဒ ၉ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဘိန်းဖြူဘလောက်တုံးများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်မှ မြန်မာ-လာအိုနယ်စပ်သို သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၂ ဦးအား ဖမ်းဆီးအရေးယူထားသည်၊၊