မကွေးတိုင်းဒေသကြီး မြောင်မြို့နယ် ကျောက်လုံးကြီးကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများအား ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

နိုဝင်ဘာလ ၁ ရက် မနက်ပိုင်းတွင် ကျောက်လုံးကြီးကျေးရွာအနီး နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးဆောင်ရွက်နေသော အဖွဲ့များအား PDF အကြမ်းဖက်သမားများက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ
– အကြမ်းဖက် PDF အလောင်း ၅ လောင်း
– M4 A4 သေနတ် ၁ လက်
– ၁၂ ဗို့ သေနတ် ၁ လက်
– လက်လုပ်စိန်ပြောင်း ၃ လက်
– လက်လုပ်ဗုံးသီး ၂၀ လုံး
– လက်လုပ်လက်ပစ်ဗုံး ၁ လုံးနှင့် ကျည်ဆံများအား သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရှိရပါတယ်။