လုံဂျာတောင်စခန်းကုန်းအား သိမ်းပိုက်ခြင်း

**************
သောင်းကျန်းသူ KIA ရင်း(၁၅) စခန်းကုန်းများ
ဖြစ်တဲ့ လုံဂျာတောင်ကုန်းတဝိုက်ရှိ ကာကင်းကုန်း
နှင့် ပင်မကုန်းတို့အား မနေ့က သိမ်းပိုက်ရရှိခဲ့ပါသည်။

စခန်းအတွင်းမှ-
(၁) တစ်စစီဖြစ်နေတဲ့ KIA (၂၁)လောင်းခန့်
(၂) အစိတ်အပိုင်းပြည့်စုံသော KIA (၇)လောင်း
(၃) တစ်စစီဖြစ်နေတဲ့ သေနတ်အစိတ်အပိုင်း (၁၃၄)ခု
(၄) အစိတ်အပိုင်းပြည့်စုံသော M-22 (၂)လက်
(၅) RPG (၁)လက်
(၆) ကျည်ကာဦးထုပ် (၄)လုံး
(၇) ကျည်ကာအင်္ကျီ (၃)ထည်
(၈) တရုတ်လက်ပစ်ဗုံး (၄၅)လုံး
(၉) တိုက်မိုင်း (၃၃)လုံး
(၁၀) ရှေ့ထွက်မိုင်း (၆)လုံး
(၁၁) RPG ဗုံးသီး (၂)လုံး
(၁၂) Remote မိုင်း (၉)လုံး
(၁၃) သွပ်ဆူးကြိုး (၁၉)ခွေ
(၁၄) တစ်ယောက်ပစ်ကျင်း (၃၂)ကျင်း

(၁၅) နှစ်ယောက်ပစ်ကျင်း (၁၄)ကျင်း
(၁၆) မြေခွေးကျင်း (၂၀)ကျင်း
(၁၇) ဗုံးခိုကျင်း (၅)ကျင်း
(၁၈) သစ်လုံးဘန်ကာ (၇)လုံး
(၁၉) နှစ်ယောက်အိပ်တဲ (၂၁)လုံး
(၂၀) သုံးယောက်အိပ်တဲ (၁၆)လုံး
(၂၁) စားချက်ဆောင် (၂)လုံး
(၂၂) အုပ်ချုပ်မှုတဲ (၂)လုံး
(၂၃) ရိက္ခာတဲ (၁)လုံး (ရိက္ခာအစုံဖြင့်)
(၂၄) ဆက်သွယ်ရေးမြောင်း (၅၅၀)ပေ
တို့အား သိမ်းပိုက်ရရှိခဲ့ပြီး
မိမိဘက်မှ အရာရှိ(၁)ဦး၊ စစ်သည်(၃)ဦး
မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါစခန်းကုန်းအား လက်နက်ကြီးပစ်ကူ၊
လေကြောင်းပစ်ကူတို့ဖြင့် စိစိညက်ညက်ကျေ
အောင် ချေမှုန်းပြီးမှ ခြေလျင်တပ်တွေက
ကျားထိုးတိုက်ခိုက်ခြင်းဖြစ်ပါတယ် ..

ထိုစစ်နည်းဗျူဟာသည် မိမိတပ်ဖွဲ့ဝင်များ၏
ထိခိုက်မှုကို အနည်းဆုံးဖြစ်ပြီး ရန်သူကိုထိခိုက်မှု
ပိုမိုကြီးမားစေသည့်အပြင် အချိန်တိုအတွင်း

စခန်းသိမ်းနိုင်ခြင်းကြောင့် နောင်စခန်းသိမ်းတိုက်ပွဲများ
တွင် များများသုံးသင့်ပါကြောင်း သုံးသပ်အပ်ပါတယ် ..