မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ၁၂၀၀ အချိန် က သက်သေများနှင့်အတူ လွိုင်လင်မြို့နယ်၊ ကွတ်ချိုးကျေးရွာအနီးတွင် ခွန်လှကြည် မောင်းနှင်ပြီး ခွန်တဆာ လိုက်ပါလာသည့် TOYOTA HILUX အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဘိန်းစိမ်းအလေးချိန် ၂၀၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ # Crd
ဆက်စပ်အကြောင်းအရာများ
လျှပ်စစ်ကားတွေအတွက် အားသွင်းစခန်း တည်ဆောက်နေ
- ရှင်ယွန်း
- January 25, 2023
နေပြည်တော်မှာ လျှပ်စစ်ကားတွေအတွက် အားသွင်းစခန်း တစ်ခု တည်ဆောက်နေပြီး စက်သုံးဆီ အရောင်းဆိုင်တွေ အကုန်လုံးမှာလည်း လျှပ်စစ်ကား အားသွင်းစနစ် (Charger)များတပ်ဆင်ရန်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန(PPRD) က အကြောင်းကြားတယ်လို့ သိရပါတယ်။ နေပြည်တော် […]