နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်

(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော တပ်မတော်မှ အားကစားသမားများနှင့် ဆုရရှိအောင်
စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ(International Army Games-2022) နှင့် နိုင်ငံတကာ
ဗိုလ်လောင်းများအားကစားပြိုင်ပွဲ(3rd World Cadet Games-2022)တို့တွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း
အခမ်းအနားကို အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍
ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပါတယ်။