မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှာ ရှိတဲ့ PDF တွေအနေဖြင့် Local PDF နဲ့ NUG လက်အောက်ခံ(ပကဖ) အဖွဲ့ (၂) ဖွဲ့ရှိပြီး (ပကဖ)အဖွဲ့ရှိ PDF များက Local PDF များကို NUG လက်အောက်ခံမဟုတ်ဟု ဆိုကာ (ဇာတ်တူသားစား) ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်နေပြီး လက်နက်များဖျက်သိမ်းဖို့ကိုပါ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ PDF တွေကို ထောက်ပံ့ပေးနေတဲ့ ထောက်ပို့ PDF များကိုလည်း ၎င်းတို့ကိုထောက်ပံ့ပေးနိုင်ခြင်းနည်းပါးလာလျှင် (သို့မဟုတ်) ထောက်ပံ့မှုမပေးနိုင်တော့ရင် ဒလန်ဆိုတဲ့ ခေါင်းစဉ်ကြီး တပ်ပြီးသတ်ဖြတ်နေကြလို့ ထောက်ပို့ PDF တွေအနေနဲ့ ကြောက်ရွံ့နေကြရတာလည်း ဖြစ်ပါတယ်။ NUG လက်အောက်ခံ(ပကဖ)ထောက်ပို့ အဖွဲ့ကို Local က သတ်လိုက်၊ Local ထောက်ပို့ကို (ပကဖ) အဖွဲ့က ဒလန်ဆိုပြီးသတ်လိုက်နဲ့ အချင်းချင်း စာခွက်လုနေကြတာ။ အားလုံးကတော့ တပ်မတော်ကြီးကို တော်လှန်ကြမယ်ဆိုပြီး လက်နက်ကိုင်ခဲ့ကြသော်လည်း သူတို့အဖွဲ့ထဲမှာကို အဖွဲ့မတူရင် မတူသလို အင်အားများတဲ့အဖွဲ့က များသလို ဗိုလ်ကျချင်နေလို့ အချို့သော လက်နက်ကိုင်များ အနေဖြင့် “ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး” ဆိုသလိုဖြစ်လာနေတာကြောင့် နိုင်ငံတော်အစိုးရထံ လက်နက်များ အပ်နှံပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာတာဖြစ်ကြောင်း သိရှိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
နူဂျီမွှေတာခံရတဲ့ ကရင်ကြီးတို့အုပ်စု
- ရှင်ယွန်း
- February 2, 2023
KNU တမဟ(၄)နဲ့ KNDO (KTLA) နယ်ဓားမြအဖွဲတိုတော့ စာတွေထုတ်ပြီး တစ်ဖွဲနဲ့တစ်ဖွဲ စိန်ခေါ်နေကြပြီ ပဒက်လေးတွေကတော့ မြေစာပင်ပေါ့ ရှောင်လိုလဲမရ၊ ရှားလိုလဲမရနဲ့ ဟေဟေ့ ချကြစမ်း ကရင်ပြည်ကြီး […]
ရေငုံနှုတ်ပိတ်ပြီး မျက်စိစုံမှိတ်ပေးထားသောသူ
- ရှင်ယွန်း
- April 6, 2023
မတ်လ ၂၅ ရက်နေ့က ဒေါ်စုက သူ့ကို လာတွေ့တဲ့ NLD ပါတီက CEC တွေကို အတွေ့မခံဘဲ လက်ဖက်ရည်တိုက်ပြီးပြန်လွှတ်လိုက်ပါလို ပြောခဲ့တာကို ကြည့်ခြင်းအားဖြင့် ပြည်ပရောက် […]
AA ကျဆုံးစာရင်းများ ပေါက်ကြား
- Admin
- September 5, 2022
AA ကျဆုံးမှုစာရင်းများ ပေါက်ကြား ******************************** BP 40 . နယ်ခြားစောင့်ရဲကင်း တိုက်ခိုက်ခံရမှုနောက်ပိုင်း တပ်မတော်နဲ့ AA အဖွဲ့တို့ ပြင်းထန်သော ရင်ဆိုင်တိုက်ပွဲ များဖြစ်ပွားလျက်ရှိပါသည် […]