ကသာမြို့၊ အမှတ်(၆)ရပ်ကွက်တွင် မူးယစ်ဆေးဝါးများ သုံးစွဲရောင်းစွဲရောင်းချနေကြောင်း လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်ရှာဖွေခဲ့ရာ ဟိန်းမင်းဦး ၏ အား လှကြိုင်နှင့် အတူ နေအိမ်တွင် အသင့်တွေ့ရှိခဲ့ပြီး ၎င်းအိတ်ခန်းဝင်ပေါက်တိုင်၌ ချိတ်ထားသော ဘေးလွယ်အိတ်အတွင်းမှ တံဆိပ်မပါ စိတ်ကြွမူးယစ်ဆေးဝါး အပြာရောင် ကပ်ခွာအိတ် ၁ အိတ်လျှင် ၂၀၀ ပြားစီပါ ၅ ထုပ်၊ ပေါင်း ၁၀၀၀ ပြား၊ 88 တံဆိပ်ပါ အသားရောင်မှိုင်းခံစက္ကူဖြင့် ထုတ်ပိုးလျက် တံဆိပ်မပါ စိတ်ကြွမူးယစ်ဆေးဝါး ၁၇ ပြား၊ အမဲရောင် သားရေပိုက်ဆံအိတ် အတွင်းထည့်ထားသော ကမ္ဘာလုံးရွက်လှေတံဆိပ်ပါ အပြာရောင်ကပ်ခွာ ဖြင့် ထည့်ထားသည့် တံဆိပ်မပါ စိတ်ကြွမူးယစ်ဆေးဝါး ၇၀ ပြား၊ စုစုပေါင်း ဆေးပြား ၁၀၈၇ ပြား တိုနှင့်အတူ ၎င်းတရားခံ ၂ ဦးတို့အား သိမ်းဆည်းဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ဆက်စပ်အကြောင်းအရာများ
ရထားလမ်းတွေ မိုင်းထောင်ဖျက်ဆီးနေတဲ့ အကြမ်းဖက် KNU/PDF
- Admin
- February 2, 2024
အကြမ်းဖက်သမားများ အနေဖြင့် ရထားလမ်း/ကားလမ်း နှင့် လမ်းတံတားများကို ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲဖျက်ဆီးလျက်ရှိရာ ညောင်ခြေထောက်နှင့်ကျွဲပွဲကြား ရထားလမ်းတွင် အကြမ်းဖက်များထောင်ထားသည့် မိုင်းတွေ့ရှိသဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ၁၄၃၀ချိန်တွင် ရှင်းလင်းခဲ့ကြောင်း သိရှိရပါတယ်။
သရောင်းကျေးရွာတွင် PDF အကြမ်းဖက်သမားနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
- အေးခင်
- October 9, 2022
အောက်တိုဘာလ ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များသည် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ အကြမ်းဖက်သမား၏ နေအိမ်အတွင်းဝင်ရောက်ရှာဖွေရာ -ပွိုင့် […]
ရွာငံမြို့နယ်၊ မြစ်ဆုံကျေးရွာဟောင်းအနီး လက်နက်ခဲယမ်းများဖမ်းမိ
- Admin
- March 10, 2023
ရွာငံမြို့နယ်အတွင်း၌ လက်နက်ခဲယမ်းများအားမြစ်ကမ်း နံဘေးချုံအတွင်း ဝှက်ထားခဲ့ကြောင်း ဖမ်းဆီးရမိတရားခံ အောင်ဆန်းလွင် (မြိုင်မြို့နယ်နေသူ)နှင့် ထိုက်ကြီးတို့၏ ဖော်ထုတ်ချက်အရ မတ်လ ၁၀ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှလိုက်လံရှာဖွေခဲ့ရာ ရွာငံမြို့နယ် မြစ်ဆုံကျေးရွာဟောင်း […]