PDF အကြမ်းဖက်အဖွဲ့က ခင်ဦးမြို့ မြို့နယ်လျှပ်စစ်ရုံးကိုပစ်ခတ်ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့ရှိ၊ မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံကို NLD အုပ်စုရဲ့ ဝါဒမှိုင်းတိုက်မှုတွေကြောင့် လူ့မိစ္ဆာ PDF အကြမ်းဖက် သမားတွေက မေလ ၂၄ ရက်နေ့မှာ လက်လုပ်စိန်ပြောင်းတွေနဲ့ ပစ်ခတ်ဖျက်စီးခဲ့တယ်လို သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် မြို့နယ်လျှပ်စစ်ရုံးမှာရှိတဲ့ ဓာတ်အားခွဲရုံသွပ်မိုးနဲ့ မျက်နှာကျက်တွေ ပျက်စီးခဲ့သလို ၁၁ ကေဗွီ ဖီဒါ-၂ A မီတာ ဒိုင်ခွက်၊ ၁၁ ကေဗွီ ဇလီဖား Palen မှန်ကွဲ၊ ၃၃ ကေဗွီ ဇလီဖား Palen Ralay ဒိုင်ခွက်၊ DC Palen တိုပျက်စီးဆုံးရှုးခဲ့တယ်လိုလည်း သိရပါတယ်။