တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယား ရေကြောင်းလူငယ်သင်တန်း စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၉၇ ဦး၊ ကိုကိုးကျွန်း မြို့ရှိ ရေကြောင်းလူငယ်သင်တန်း စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၇၁ ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား၊ သင်တန်းသူ ၈၅ ဦးနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ဟိန်းဇဲမြို့ရှိ ရေကြောင်း လူငယ်သင်တန်းစခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ တပ်မတော်(ရေ)ရေကြောင်း လူငယ်သင်တန်းစခန်း ၁၁ ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြား ပေးလျက်ရှိတယ်လို့သိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
မင်္ဂလာနံနက်ခင်းပါ
- Admin
- February 28, 2024
စင်္ကြာဝဠာ အနန္တ၌ ရှိကြကုန်သော လူနတ်ဗြမ္ဟာသတ္တဝါတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ မြန်မာနိုင်ငံကြီး အေးချမ်းသာယာပြီး အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာပါစေအားလုံး ကျန်းမာ ချမ်းသာကြပါစေပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုအချင်းချင်း စည်းလုံးညီညွတ်ပြီး ထာဝရငြိမ်းချမ်းရေးရပါစေ […]
မင်္ဂလာရှိသော နံနက်ခင်းလေးပါ
- Admin
- November 30, 2023
🌷အကျိုးရှိသူနှင့်အကျိုးမရှိသူ🌷 သိသည်ဖြစ်စေမသိသည်ဖြစ်စေဘဝတစ်ခုကို ဖြတ်သန်းပြီးအချိန်ကုန်ကြရမှာကတော့အတူတူပဲ သို့သော်အချိန်ကုန်တာချင်းတူပေမယ့် အကျိုးရှိသူနဲ့အကျိုးမရှိတဲ့သူဆိုပြီးနှစ်မျိုးရှိတယ်… ကောင်းကျိုးချမ်းသာတွေကိုရအောင်ယူနိုင်တဲ့ ပုဂ္ဂိုလ်ဟာအကျိုးရှိတဲ့သူ ဖြစ်ပြီးလူလိမ္မာ ပညာရှိ ဖြစ်တယ်။ ကိုယ့်ဘဝခရီးမှာကောင်းကျိုးချမ်းသာတွေကိုရအောင် မယူနိုင်ဘူးဆိုရင်ဒီပုဂ္ဂိုလ်ဟာအကျိုးမရှိသူ ဖြစ်ပြီးဘဝတစ်ခု ဆုံးရှုံးနစ်နာတဲ့သူဖြစ်တယ်။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
မင်္ဂလာရှိသော နံနက်ခင်းလေးပါ
- Admin
- October 22, 2023
မေတ္တာကိုချွန်ထက်နေအောင်သွေးထားပါတယ် ။ သည်းခံမှုကို ကျောက်တောင်ပမာတည်ဆောက်ထားပါတယ် ။ အပြုံးလည်းမပျက်သလိုအမုန်းတွေလည်း မဆက်ပါဘူး ။ တိုက်ခိုက်သူရှိလာရင်လည်း၀ဋ်ကြွေးဆပ်ရသလို လက်ခံမယ် ။ သူများစိတ်ထားမကောင်းလည်းမေတ္တာမပျက် ဆက်ဆံမယ် ။ တိုတိုလေးသောဘ၀မှာအမုန်းကင်းကင်း […]