မတူရင် လာမတုနဲ့

ကိုယ်ပိုင်ဆိုင်တဲ့အသက်နဲ့

ကိုယ်အင်္ဂါအစိတ်အပိုင်းကို မစွန့်လွတ်နိုင်ရင်စစ်သား တစ်ယောက်ရဲ့ တန်ဖိုးကို မစော် ကား နဲ့…

ကိုယ်ပိုင်ဘဝနဲ့ ကိုယ်ပိုင်မိသားစုကမ္ဘာလေး သံယောဇဉ်မဖြတ်နိုင်လို့ ကျေားခိုင်းမထားနိုင်ရင် နိုင်ငံတော်အပေါ် တာဝန်ကျေနေတဲ့စစ်သားကိုမစော်ကားနဲ့……

ဘဝဟာတိုက်ပွဲပါလို့ သီချင်းလုပ်ဆိုနေချိန် တိုက်ပွဲဟာဘဝဖြစ်နေသူတွေ ကျည်ဆံ မိုးကြား အသက်လုလို့နေရတယ် . အပိုမပါတဲ့ အသက်နဲ့အစားထိုးစရာမရှိတဲ့ကိုယ်အင်္ဂါ မစွန့်လွှတ်နိုင်ရင် စစ်သားတစ်ယောက် ရဲ့ ဘဝကို မစော်ကားနဲ့ ….

စစ်သားတွေ လုပ်နေတာ တစ်ဦးတစ်ယောက်ကောင်းစားဖို့အတွက်လုပ်နေတာမဟုတ်ဘူး….

ငါတို့သေမှ ငါတို့မြေကိုရမယ်ဆိုတဲ့စကားတွေဟာအလ ကားသက်သက်ပေါ်လာတဲ့ ရာသီစာ ဒိုင်ယာလော့တွေ မဟုတ်ဘူး….

သစ္စာရှိတာချင်းတူရင်တောင်

တစ်ဦးတစ်ယောက်အတွက်မဟုတ်ဘူး……

ပေးဆပ်တာချင်းတူရင်တောင် တစ်ဦးတစ်ယောက်ကောင်းစားဖို့အတွက်မဟုတ်ဘူး……

အသက်ပေးလို့ ကာကွယ်တာချင်းတူရင်တောင် ရည်ရွယ်ချက်ချင်းမတူဘူး…..

ကုန်ကုန်ပြောရရင် ဒါပေး ဒါယူ ဒါလုပ် အမိန့်တွေတူရင်တောင် သူတို့လုပ်သမျှဆိုတာ နိုင်ငံတော်နဲ့တပ်မတော်အတွက်ပဲဖြစ်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်တွေသာ သူတို့အသွေး အသားထဲမှာရှိကြတယ်…..

နယ်စည်းခြား နှစ်နိုင်ငံကြားက နယ်ခြားမှတ်တိုင်လေးတွေမှာ ဝါစိမ်းနီဆိုတဲ့ သုံးရောင်ခြယ်အလံကတလွှင့် လွှင့်ရှိနေတာဟာလေတိုက်လို့မဟုတ်ဘူး…. သူတို့တွေရဲ့ အသက် သွေး ချွေး ကိုယ်လက်အင်္ဂါပေါင်း မြောက်များစွာ စတေးထားခဲ့ရတာ…..

အဲ့ဒါကြောင့်လာမယှဉ်နဲ့ မတူဘူး…..

Crd. ကိုမျိုးဝင်း