အခြေခံလေကြောင်းလူငယ်သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများ အား လေကြောင်းပညာသမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား၊ လေယာဉ် တည်ဆောက်မှုအခြေခံသဘောတရား၊ လေယာဉ်စက်အုံတည်ဆောက်မှုအခြေခံများ၊ လေယာဉ်ပုံစံငယ်တည်ဆောက်မှုအခြေခံများ၊ RC Simulartor မောင်းနှင်ခြင်း၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်း၊ အခြေခံစစ်ပညာ(လက်နက်မဲ့) စသည့် ဘာသာရပ်များ ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။ သင်တန်းကာလ တတိယ အပတ်တွင် မိတ္ထီလာမြို့၌ သင်တန်းသားများ စုဖွဲ့၍ စခန်းသွင်းလေ့ကျင့်ခြင်း၊ တပ်မတော်(လေ)၏ နေ့စဉ်လုပ်ငန်းဆောင်တာများအား လက်တွေ့ကွင်းဆင်း လေ့လာခြင်း၊ သင်တန်းစခန်းအသီးသီးမှ ထူးချွန်သင်တန်းသားများကို Grob- 120၊ Y-12 လေယာဉ်နှင့် H-120 ရဟတ်ယာဉ်များတွင် လိုက်ပါပျံသန်းခြင်းများနှင့် ပြိုင်ပွဲများ ကျင်းပခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်တယ်လို့သိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေရှင်
- Admin
- October 30, 2022
နေ့စဥ်တိုင်းမှာ အတွေးကောင်းလေးတွေကို တွေးဖြစ်အောင် ကြိုးစားထားပါ ။ အတွေးကောင်းလေးသာရှိမယ်ဆိုရင် ကိုယ့်စိတ်ကို ချမ်းသာအောင် သူက တာ၀န်ယူသွားလိမ့်မယ် ။ အများအကြောင်းတွေကိုလည်း သိပ်မတွေးမိပါစေနဲ့ ။ သိပ်တွေးမိနေရင် […]
ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင် ရုရှား ဒုတိယရေတပ် ဦးစီးချုပ်အား လက်ခံတွေ့ဆုံ
- ပုည
- December 26, 2022
ကာကွယ်ရေးဦးစီးချုပ်ရေ ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်အတူ တပ်မတော်မှအရာရှိများ ရရှားဒုတိယရေတပ် ဦးစီးချုပ်အားတက်ရောက်တွေ့ဆုံကာ နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဉ်များ ချစ်ကြည် ရေးခရီးစဉ်များ အပြန်အလှန် လေ့လာလည်ပတ်နိုင်ရေးနှင့် မြန်မာ့တပ်မတော်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သင်တန်းသားများ စေလွှတ်သင်ကြားလျက်ရှိသည့် […]
မာရဝိဇယဘုရားကြီး ဖူးမြှော်ခွင့်နှုန်းထားသတ်မှတ်ရခြင်းအကြောင်း
- အေးခင်
- August 23, 2023
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားဖူးမြှော်ခွင့်နှုန်းထားနှင့်ပတ်သက်၍ ဩဂုတ်လ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဗုဒ္ဓဥယျာဉ်ကြီးအကျယ်အဝန်းသည် ဧကပေါင်း ၂၅၅ ဧကအထိ ရှိပြီး ၁ လ […]