သင်္ကြန်ကာလနီးလာတာနဲ့ PDFတွေလည်းအကွဲအပြဲတွေဖြစ်လာနေပြီ

သင်္ကြန်ကာလ နီးလာတာနဲ့အမျှ PDF တွေရဲ့ အကျအဆုံးစာရင်းတွေများလာသလို တစ်ချို့တွေကလည်း တော်လှန်ရေးကြီးကို စိတ်ကုန်လာကြပြီ။ တစ်ချို့ကလည်း ငါတို့မှ မပျော်ရရင် သူများတွေလည်း မပျော်ရဘူးဆိုပြီး အဖျက်အမှောက်တွေလုပ်ဖို့ လုပ်နေကြတယ်။ ဒီလိုအဖျက်အမှောက်လုပ်မယ့် သူတွေကိုလည်း သက်ဆိုင်ရာတိုင်းအလိုက်မှာ ဖမ်းဆီးရမိခဲ့တာတွေလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ဘယ်လိုပဲနေပါစေ မြန်မာရိုးရာ သင်္ကြန်ပွဲမှာတော့ ပြည်သူလူထုအားလုံးပဲ ပျော်ရွင်စွာရေကစားနိုင်ဖို့ နိုင်ငံတော်အစိုးရကလည်း မဏ္ဍပ်များဆောက်လုပ်ပြီး လုံခြုံရေးများကိုလည်း အထူးစီမံဆောင်ရွက်လျက်ရှိပါတယ်။ အားလုံးပဲပျော်ရွင်စရာ နှစ်သစ်လေးဖြစ်ပါစေ။