မတ်လ (၃၀)ရက်နေ့ တွေ့ရှိထူးခြား သတင်းများ

🟢 မကွေးတိုင်း ရေစကြိုမြို့ သုခဝတီရပ်ကွက်အတွင်း PDF များထောင်ထားသော လက်လုပ်မိုင်းတစ်လုံးတွေ့ရှိသဖြင့် လခရ အဖွဲ့မှ ဖယ်ရှားရှင်းလင်း။

🔸 စစ်ကိုင်းတိုင်း ချောင်းဉီးမြို့ မုံရွာ-မန္တလေးသွားကားလမ်း၌ PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိ။

🟢 မတ္တရာမြို့နယ် ပင်းယျကျေးရွာအနီး အမျိုးသား ၁ဦးအား PDF များမှ ပစ်ခတ်သတ်ဖြတ်ခံသွားကြောင်း။

🔸 တနင်္သာရီတိုင်း လောင်းလုံးမြို့ (က) ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွား။

🟢 မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်အား KNLA/PDF အဖွဲ့မှ Drone ဖြင့် ဗုံးချ ဖောက်ခွဲတိုက်ခိုက်။

🔸 မဏိပူရပြည်နယ်အတွင်း ရှောင်ပုန်းနေသော PDF နှစ်ဦးကို လက်နက်များနှင့်အတူ အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး။

🟢 ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် စီးမူကြီး/ စီးမူလေးကျေးရွာများအနီး KIA/PDF များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း။

🔸 နိုင်ငံရေးပါတီ (၄၀)ကို ဖျက်သိမ်းလိုက်သော်လည်း ပါတီအသစ်တည်ထောင်ခွင့်ကို ဆက်လက်ခွင့်ပြုထား။

🟢 အိန္ဒိယ-မြန်မာနယ်စပ်ရှိ ဝင်/ထွက်ပေါက်အချို့အား မီဇိုရမ်ဒေသခံ ၃ ဦး သတ်ဖြတ်ခံရမှုကြောင့် မတ် ၂၉ ရက်မှစတင်၍ ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ကြောင်း။

🔸 ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက်ရှိ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားဝင်းအတွင်း လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိ။

🟢 ရွှေဘိုမြို့နယ် မင်းကျောင်းကျေးရွာအနီး စစ်ဆေးရေးဂိတ်တွင် လူမှုကွန်ယက်ပေါ်၌ မမှန်သတင်း ရေးသားဖြန့်ဝေသူအား ဖမ်းဆီးရမိ။

🔸 စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ်(၈)ရပ်ကွက်၌ လက်လုပ်ဗုံး ၁ လုံးတွေ့ရှိ၍ လုံခြုံရေးအဖွဲ့များမှ ရှင်းလင်းသိမ်းဆည်း။

🟢 မြန်မာနိုင်ငံတွင် အွန်လိုင်းပေးချေမှုစနစ်ဖြင့် ရွှေစုဆောင်းနိုင်မည့်အစီအစဉ်ကို UAB Pay စတင်မိတ်ဆက်။

🔸 မြဝတီမြို့နယ် အာရှလမ်းမကြီးဘေး သင်္ကန်းညီနောင် အမှတ် (၁) လမ်းရှိ ရဲစခန်းကို KNU/PDF အဖွဲ့မှ လာရောက်ပစ်ခတ်တိုက်ခိုက်။

🟢 ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ဂုတ်တွင်းအဆင်း ကျောက်မဲရေကန်အောက်ကွေ့တွင် ယာဉ် ၃ စီးတိုက်ပွားမှုဖြစ်ပွား၍ အမျိုးသား ၁ ဦးဒဏ်ရာရရှိ။

🔸 စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆွဲလဲအိုကျေးရွာရှိ PDF အကြမ်းဖက် စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ ၁၀ လောင်းနှင့် စခန်းအား သိမ်းဆည်းရမိ။

🟢 ပခုက္ကူမြို့ အမှတ်(၉)ရပ်ကွက်၌ လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်သတင်း ရေးသားသူ မ ၁ ဦးအား ဖမ်းဆီးရမိ။

🔸 ဗန်းမောက်မြို့နယ်၊ ကြောင်လယ်ကျေးရွာအနီးတွင် KIA/PDF ပဒက်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး KIA/PDF ၂ လောင်းရရှိ။

🟢 ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ကလာကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီး CDF အကြမ်းဖက် ၁လောင်း နှင့် သေနတ် ၁ လက် သိမ်းဆည်းရမိ။

🔸 ရန်ကုန်တိုင်း ခရမ်းမြို့နယ် ကံဘဲ့ဘုန်းကြီးကျောင်းတွင် ရဟန်းခံရှင်ပြုအလှူ မှတ်တမ်းဗီဒီယိုရိုက်ကူးနေသူကို PDFများမှ ပစ်ခတ်သတ်ဖြတ်သွားကြောင်း။

🟢 ထန်တလန်မြို့နယ် ခွါဖိုကျေးရွာအနီး အကြမ်းဖက် အခြေပြု နေရာများအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့။

🔸 တောင်ဥက္ကလာပမြို့နယ် ရဲစခန်းအနီး လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား။

🟢 မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲတွင် အသုံးပြုမည့် ရွှေစင်ရုပ်တုနှင့် ကုန်ကျစရိတ်များကို နိုင်ငံတော်က မတည်ဆောင်ရွက်ပေးမည်။

🔸 သင်္ကြန်ကာလ ရွှေတိဂုံစေတီတော်ကို ဖွင့်လှစ်ထားမည်ဖြစ်ပြီး နှစ်သစ်မင်္ဂလာအခမ်းအနား ကျင်းပမည်။

🟢 မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက်လည်ပါတ်မည့်သူများ ဧပြီ(၁)ရက်မှ စတင်ကာ Visa Free (၁၄) ရက်သာရရှိတော့မည်ဖြစ်ကြောင်း။

နိုင်ငံတကာသတင်းများ

🌍 တူရကီ၌ တည်ဆောက်ထားသည့် ၄၈ဝဝ မဂ္ဂါဝပ် နျူစက်ရုံ ဖွင့်လှစ်ပွဲသို့ ရုရှားသမ္မတ တက်ရောက်မည်ဖြစ်။

🌍 အမေရိကန်နိုင်ငံ ကင်တပ်ကီပြည်နယ်တွင် လေ့ကျင့်ပျံသန်း နေသည့် Black Hawk ရဟတ်ယာဉ် ၂စီး တိုက်မိ ပျက်ကျရာ အနည်းဆုံးလူ(၉)ဦးသေဆုံး။

🌍 အင်ဒိုနီးရှားကို ယူ ၂ဝ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ပေးခြင်းကို ပြန်ရုတ်သိမ်းလိုက် ကြောင်း FIFA ကြေညာ။

🌍 တရုတ်အစိုးရ၏ ခြိမ်းခြောက်မှုများကို ထိုင်ဝမ်သမ္မတက ငြင်းဆန်ပယ်ချလိုက်ပြီး တင်းမာမှုများ ပိုမိုဖြစ်လာဖွယ်ရှိနေ။

🌍 မြောက်ကိုရီးယားခေါင်းဆောင် ကင်ချုံအန်က နူကလီးယားလက်နက် တိုးမြှင့်ထုတ်လုပ်ရန် ညွှန်ကြားခဲ့ကြောင်း။

🌍 ဂျပန်နိုင်ငံက လာမည့်နှစ်၌ ကာကွယ်ရေးဘတ်ဂျက် စံချိန်တင် တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း။

🌍 အမေရိကန်ဒဏ်ခတ်ပိတ်ဆို့ပေမယ့် ရုရှားနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်နေဟု အီရန်ဆို။

🌍 ယူကရိန်းသမ္မတ ဇီလန်စကီးက တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ယူကရိန်းသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်။

🌍 အစ္စရေးမှ ထောက်လှမ်းရေးဂြိုလ်တုအသစ် လွှတ်တင်ကာ ဒေသတွင်းစောင့်ကြည့်မှု တိုးမြှင့် သွားမည် ဖြစ်ကြောင်း။

🌍 ဖိလစ်ပိုင်ရေတပ်အတွက် ရေကြောင်းစွမ်းဆောင်မှုပိုင်းပိုမိုကောင်းမွန်စေရန် အမေရိကန်စစ်ဖက်က ကင်းလှည့်ရေယာဥ် ၂ စီး လွှဲပြောင်းပေးအပ်။