အိန္ဒိယ-မြန်မာနယ်စပ် ဝင်/ထွက်ပေါက်အချို့အား ရက်အကန့်အသတ်မရှိပိတ်

အိန္ဒိယ-မြန်မာနယ်စပ်ရှိ ဝင်/ထွက်ပေါက်အချိုအား မီဇိုရမ်ဒေသခံ ၃ ဦး သတ်ဖြတ်ခံရပြီးနောက် မတ် ၂၉ ရက်(ယနေ့)မှစတင်၍ ရက်အကန့်အ သတ်မရှိပိတ်ခဲ့သည်ဟု လိုင်းလူငယ်အသင်း Young Lai Association Bualpui(NG)Sub- Headquarters မှထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်ဝင်/ထွက်ပေါက်များဖြစ်သည့် Archhuang , Tial dawngilung နှင့် Vawmbuk တိုကို ရက်အကန့်အသတ်မရှိပိတ်ခဲ့ခြင်းဖြစ်ပြီး မည်သူမှ နယ်စပ်ဖြတ်ကျော်သွားလာခွင့်မပြုရန်၊မြန်မာဘက်နှင့်လည်း မည်သည့်ပစ္စည်းမှလွှဲ ပြောင်းရယူခြင်းမပြုရန်နှင့်လိုက်နာခြင်းမရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သိရသည်။