မြို့သာရပ်ကွက်၊ စစ်ဆေးရေးဂိတ်တွင် PDF များကို ထောက်ပံ့ပေးသူအား ဖမ်းဆီးရမိ

မတ်လ ၂၈ ရက် ညနေ ၄ နာရီခန့်တွင် ကလေးမြို့၊ မြို့သာရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်တွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် လူ/ယာဉ် ဝင်ထွက်အား စစ်ဆေးဆောင်ရွက်နေစဉ် သာစည်ကျေးရွာဘက်မှ မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးအား ရပ်တန့်၍ စစ်ဆေးခဲ့ရာ ဇော်မင်းထက်(ခ)မင်းထက်သည် PDF ပဒက်များအား ထောက်ပံ့ပေးနေကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး ဥပေဒနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။